KNU တပ်မဟာ ၄ ခုအတွင်းရှိ စစ်ဘေးရှောင်ရွာ သူ၊ရွာသားများအတွက် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိ

0
253

KNU တပ်မဟာ ၄ ခုအတွင်းရှိ စစ်ဘေးရှောင်ရွာ သူ၊ရွာသားများအတွက် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိ

KNU တပ်မဟာ ၄ ခုအတွင်း၌ ဖြစ်ပွားလျက်ရှိသည့် ထိတွေ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ရွာသူ၊ရွာသားများမှာ အစားအသောက်၊တာလပတ်စနှင့်ဆေးဝါးပစ္စည်းအကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု KNU ဗဟိုမှသိရသည်။

နစက ၏လုံခြုံရေးအဖွဲ့ဝင်များ၊ BGF အဖွဲ့များပူးပေါင်းထားသည့် အဖွဲ့ဝင်များနှင့်ဒေသခံအဖွဲ့များဖြစ်သည့် KNLA ၊ KNDO အဖွဲ့များကြား၌ ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

KNU တပ်မဟာ(၁)သထုံခရိုင်၊တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊တပ်မဟာ(၄)ဘိတ်-ထား ဝယ်ခရိုင်နှင့်တပ်မဟာ (၅)မူတြော်ခရိုင်များရှိ စစ်ဘေးရှောင်ရွာသူ၊ရွာသားများမှာ သွားရေးလာရေးခက်ခဲသဖြင့် အကူအညီများလိုအပ်လျက်ရှိခြင်းဖြစ်သည်။

စစ်ဘေးရှောင် ရွာသူ၊ရွာသားများအတွက် မိုး တွင်းကာလသို့ရောက်ရှိလာသဖြင့် ယာယီတဲများအတွက် အမိုးအကာအခင်းများ၌ အသုံးပြုရန် တာလပတ်စများ၊အခြေခံစားသောက်ကုန်များ၊ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိခြင်းဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်ရွာသူ၊ရွာသားများနေထိုင်သည့် နေရာများသည် သွားလာရန်ခက်ခဲသဖြင့် လိုအပ်ချက်များအား အချိန်မီဖြည့်ဆည်းကူညီပေးသွားရန် အကူအညီများအလျင်အမြန်လိုအပ်လျက်ရှိကြောင်း သိရသည်။

အလားတူ တပ်မဟာ(၆)ဒူးပလာယာခရိုင်ရှိ စစ်ဘေးရှောင်ပြည်သူများမှာလည်း မိုးတွင်းကာလသို့ရောက်ရှိလာသဖြင့် အခြေခံစားသောက်ကုန်များ၊ယာယီတဲအမိုးအကာအခင်းများအတွက်တာလပတ်စများ၊ဆေးဝါးပစ္စည်းများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here