အောင်ပန်းမြို့၌ ဧည့်ရိပ်သာနှင့်နေအိမ်တွဲထားသည့် အဆောက်အဦး၌ မီးလောင်မှုဖြစ်ပွား

0
136

အောင်ပန်းမြို့၌ ဧည့်ရိပ်သာနှင့်နေအိမ်တွဲထားသည့် အဆောက်အဦး၌ မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်(တောငိပိုင်း)၊အောင်ပန်းမြို့၊ရွာသစ်ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးဘေးရှိ တော်ဝင်ဧည့်ရိပ်သာနှင့်နေအိမ်တွဲထားသည့် အဆောက်အဦးဇတွင် မေ ၃၀ ရက်(ယနေ့)နံနက် ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု နာရေးကူညီမှုအသင်း(အောင်ပန်း)မှသိရသည်။

မီးလောင်မှုဖြစ်စဥ်အား ကလောမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များ၊အောင်ပန်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များ၊အောင်ပန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊နာရေးကူညီမှုအသင်း(အောင်ပန်း)မှအဖွဲ့ဝင်များနှင့်ရပ်ကွက်နေသူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်ခဲ့မှုကြောင့် မွန်းတည့် ၁၂ နာရီခွဲ၌ မီးထိန်းနိုင်ခဲ့ပြီး အချိန်အနည်းငယ်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးငြိမ်းသတ်ရာတွင် ဝိုင်းဝန်းကူညီပေးခဲ့သည့် အောင်ပန်းမြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်တစ်ဦးတွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သဖြင့် အောင်ပန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ မီးစတင်လောင်ကျွမ်းထားသည့်အ ကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီး သတ်တပ်ဖွဲ့ဝင်များမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-နာရေးကူညီမှုအသင်း(အောင်ပန်း)


LEAVE A REPLY

Please enter your comment!
Please enter your name here