ဖခင်က သမီးကိုသတ်

0
199

ဖခင်က သမီးကိုသတ်

ကမ္ဘောဒီးယားနိုင်ငံတွင် ဇနီးဖြစ်သူမှသူ့ခင်ပွန်းအားဆယ်ကျော်သက်သမီးအပေါ် အဓမ္မပြုကျင့်သည်ဟု စွပ်စွဲသဖြင့် ဖခင်ဖြစ်သူမှသမီးအားသတ်ကာ မြစ်ထဲပစ်ချအလောင်းဖျောက်ခဲ့သည့်အမှုဖြစ်ပွားခဲ့သည်။

ရဲများ၏ပြောပြချက်အရ Sahav Mleh အမည်ရှိသူသည် ဇနီးဖြစ်သူမှ သမီးအပေါ်အဓမ္မပြုကျင့်သည်ဟု စွပ်စွဲသဖြင့် မေလ ၂၇ ရက်နေ့တွင် သမီးအား ဆိုင်ကယ်နှင့်လိုက်ခဲ့ရန် ဖျားယောင်းကာ‌ ခေါ်ခဲ့သည်။ ထို့နောက် သမီးဖြစ်သူအား သေဆုံးသည်အထိ လည်ပင်းညှစ်သတ်ခဲ့ပြီး အလောင်းကိုအိတ်ထဲထည့်ကာ မြစ်ထဲပစ်ချဖျောက်ဖျက်ခဲ့သည်။

ယခုပြစ်မှုကျူးလွန်သူသည် ယခင်ကအဓမ္မပြုကျင့်မှုဖြင့် ထောင်ကျနေခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသူဖြစ်သည် ဟုလည်းရဲများ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။

အသတ်ခံရသူအမျိုးသမီးငယ်သည် အသက် ၁၄ နှစ်အရွယ်ရှိ Sarin Sophotra ဟုခေါ်သော ဆယ်ကျော်သက်အမျိုးသမီးတစ်ဦးဖြစ်ကာ ကျူးလွန်သူ၏ သမီးဖြစ်သည်ဟုလည်းသိရသည်။

သူမ၏အလောင်းကို မေလ ၂၉ ရက်နေ့တွင် Santuk ခရိုင်ရှိ မြစ်တစ်ခု၌ ရဲများနှင့်ဆွေမျိုးများကရှာဖွေတွေ့ရှိခဲ့ကြသည်။ တရားခံသည် အလောင်းအားအိတ်အဖြူတစ်လုံးထဲတွင်ထည့်ကာ တံတားပေါ်မှပစ်ချခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ထိုသူအား Santuk ခရိုင်တာဝန်ရှိ စစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးစစ်ဆေးမေးမြန်းလျက်ရှိကြောင်းသိရသည်။

Source – Khmer Times

 


LEAVE A REPLY

Please enter your comment!
Please enter your name here