ကြည့်မြင်တိုင်မြို့နယ်ရှိ ပန်းပင်ကြီးလမ်း၌ ဓားပြတိုက်မှုဖြစ်ပွား ရွှေထည်အချို့ နှင့် ငွေများယူဆောင်သွားခဲ့

0
119

ကြည့်မြင်တိုင်မြို့နယ်ရှိ ပန်းပင်ကြီးလမ်း၌ ဓားပြတိုက်မှုဖြစ်ပွား ရွှေထည်အချို့နှင်ငွေများယူဆောင်သွားခဲ့

ရန်ကုန်မြို့၊ကြည့်မြင်တိုငိမြို့နယ်၊ပန်းပင်ကြီးလမ်းရှိ နေအိမ်တိုက်ခန်းတစ်ခုအား မေ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက အမည်မသိအမျိုးသားများမှ ဓားပြဝင်တိုက်ခဲ့ခြင်းဖြစ်သည် သိရသည်။

နေအိမ်တိုက်ခန်း၌ အသက် ၈၀ နှစ်ကျော်အဘွားအိုတစ်ဦးနှင့်အမျိုးသမီးငယ်တစ်ဦးတို့ရှိနေချိန်၌ ယင်းအမျိုးသားများမှာ နေအိမ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် နေအိမ်မှပစ္စည်းများအားရိုက်ခွဲဖျက်ဆီး၍ ရွှေထည်အချို့နှင့်ငွေများအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“အိမ်ရှင်အမျိုးသမီးကစျေးသွားနေတုန်းဖြစ်သွားတာ လူကိုဘာမှလုပ်မသွားတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေတယ် ပစ္စည်းတွေတော့ မွှေနှောက်ဖျက်ဆီးသွားတယ် အပေါ်ထပ်မှာနေတဲ့ ကျွန် တော်တို့တောင်ဖြစ်နေချိန်ဘာမှမသိလိုက်ဘူး ဖြစ်သွားပြီးတဲ့အခါကျမှသိရတာ”ဟု အခင်းဖြစ်နေအိမ်မှမိသားစုဝင်တစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူများသည် နေအိမ်အသွားအ လာအား လေ့လာထားပြီးသူများဖြစ်နိုင်သည်ဟု ယူဆရကာ အခွင့်ကောင်းစောင့်ဆိုင်း၍ ပြစ်မှုကျူးလွန်သွားခြင်းဖြစ်နိုင်သည်ဟု ကျူးလွန်ခံရသူ၏ မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ကြည့်မြင်တိုင်မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here