သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိအထူးကုဆရာဝန်ကြီးများမှ ၆ ရက်အ တွင်း မျက်စိဝေဒနာရှင် ၁၅၅၅ ဦးအား အခမဲ့စမ်း သပ်ကုသပေးခဲ့

0
274

သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိအထူးကုဆရာဝန်ကြီးများမှ ၆ ရက်အ တွင်း မျက်စိဝေဒနာရှင် ၁၅၅၅ ဦးအား အခမဲ့စမ်းသပ်ကုသပေးခဲ့

ရှမမးပြည်(မြောက်ပိုင်း)၊သီပေါမြို့၊မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိအထူးကုဆရာဝန်ကြီးများမှ မေ ၂၄ ရက်မှ ၂၉ ရက်အထိ ၆ ရက်ကြာ အခမဲ့မျက် စိစမ်းသပ်ခွဲစိတ်ကုသပေးခဲ့ကြသည်။

ထိုသို့ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးရာတွင် မေ ၂၄ ရက်၌ မျက်စိစမ်းသပ်လူနာ ၄၂၃ ဦးအား စမ်း သပ်ပေးခဲ့ပြီး ၃၆ ဦးအားခွဲစိတ်ပေးခဲ့ကာ မေ ၂၅ ရက်တွင် မျက်စိစမ်းသပ်လူနာ ၃၆၇ ဦး၊ခွဲစိတ်လူ နာ ၆၄ ဦး၊ မေ ၂၆ရက်တွင် မျက်စိစမ်းသပ်လူနာ ၂၄၃ ဦး၊ခွဲစိတ်လူနာ ၈၀ ဦးတို့အား စမ်းသပ်ခွဲစိတ်ကုသပေးခဲ့ကြသည်။

အလားတူ မေ ၂၇ ရက်တွင် မျက်စိစမ်းသပ်လူနာ ၁၂၉ ဦး၊ခွဲစိတ်လူနာ ၈၇ ဦး၊ မေ ၂၈ ရက်တွင် မျက်စိစမ်းသပ်လူနာ ၂ ဦး၊ခွဲစိတ်လူနာ ၉၁ ဦး၊ မေ ၂၉ ရက်တွင် ခွဲစိတ်လူနာ ၃၃ ဦးတို့အား စမ်းသပ်ခွဲစိတ်ကုသပေးခဲ့ကြသည်။

ထိုသို့ အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ပေးခြင်းအား သီပေါ၊နောင်ချို၊ကျောက်မဲ၊လားရှိုး၊မိုင်းလုံ၊မိုင်းငေါ့၊နမ့်ဆန်နှင့်နမ္မတူ မြို့များမှမျက်စိဝေဒနာရှင်များလာရောက်ကုသမှုခံယူခဲ့ကြကြောင်း သိရသည်။

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ၏ဦးဆောင်မှုဖြင့် သီပေါမြို့၊မဟာမြတ်မုနိဘုရားကြီးအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်နှင့်စစ်ကိုင်းတို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြခြင်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here