ဒဂုံမြောက်ပိုင်းမြို့နယ်၌ အမျိုးသမီးတစ်ဦးထံမှ ဆွဲကြိုးလုယက်သွားသူ ၅ ဦးအားလက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

0
56

ဒဂုံမြောက်ပိုင်းမြို့နယ်၌ အမျိုးသမီးတစ်ဦးထံမှ ဆွဲကြိုးလုယက်သွားသူ ၅ ဦးအားလက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောကိပိုင်း)မြို့နယ်၊ ၁၃ ရပ်ကွက်တွင် အမျိုးသမီးတစ်ဦးထံမှ ဆွဲကြိုးလုယက်သွားသူ ၅ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက မေ ၂၈ ရက်တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

၁၃ ရပ်ကွက်၊ရှင်ထွေးညိုလမ်းရှိ “လမင်း”လက် ဖက်ရည်ဆိုင်ရှေ့တွင် မေ ၁၉ ရက်နေ့လည် ၃ နာရီခန့်က သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးအားလုယက်ယူဆောင်ထွက်ပြေးသွားမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဆွဲကြိုးလုယက်ယူဆောင်သွားသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက CCTV မှတ်တမ်းများအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အခင်းဖြစ်စဥ်က အသုံးပြုခဲ့သည့်ကားအား ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် ကားအားဌားရမ်းအသုံးပြုခဲ့သည့် သော်ဇင်အောင်နှင့်အောင်ပိုင်စိုးတို့အား ကြည့်မြင်တိုင်မြို့နယ်၊ကမ်းနားလမ်းနှင့်ဗားကရာလမ်းဆုံအနီး၌ ပစ္စတိုသေနတ် ၁ လက်၊ LUGER ၉ မမ ကျည် ၁၁ တောင့်တို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူများဖြစ်သည့် ဝတုတ်(ခ)ကျော်ကျော်(ခ)ကျော်ကျော်တင်၊ဝင်းထွန်း(ခ)ထွန်းဝင်း၊ထန်းတစ်ပင်မြို့နယ်နေ ကျော်သူ(ခ)ကျော်ကြီး တို့အားထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here