YBS အမှတ် ၁၂၇ နှင့် အမှတ် ၁၂၈ ယာဉ်လိုင်းနှစ်ခု တိုးချဲ့ပြေးဆွဲမည်

0
210

YBS အမှတ် ၁၂၇ နှင့် အမှတ် ၁၂၈ ယာဉ်လိုင်းနှစ်ခု တိုးချဲ့ပြေးဆွဲမည်

ရန်ကုန်မြို့အတွင်း ကျောင်းဖွင့်ရာသီအချိန်၌ YBS အမှတ် (၁၂၇)နှင့် အမှတ် (၁၂၈)ယာဉ်လိုင်းနှစ်ခုကို တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ယင်းသို့ တိုးချဲ့ပြေးဆွဲရခြင်းရည်ရွယ်ချက်သည် ရန်ကုန်မြို့အတွင်း ကျောင်းသား/ကျောင်သူများနှင့် ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရန် ရည်ရွယ်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီဇွန်လထဲမှာ ပြေးဆွဲပါလိမ့်မယ်။ ကျွန်တော်တို့ဘက်က သူတို့ကို ခွင့်ပြုပြီးသားပါ။ ဘယ်နေ့မှာ စဆွဲနိုင်မလဲဆိုတာကိုတော့ ကျွန်တော်တို့ဆီကို အကြောင်းမပြန်သေးဘူး။ ယာဉ်စီးခ ပုံသေ ၂၀၀ ကျပ် ပါ။ YPS ကတ်နဲ့လည်း စီးလို့ရပါတယ်။” ဟု ဆိုသည်။

တိုးချဲ့ပြေးဆွဲပေးမည့် ယာဉ်လိုင်း ၂ လိုင်းသည် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအဖွဲ့မှ အမှတ် ၁၂၇ ယာဉ်လိုင်းအတွက် ၁၀ စီးနှင့် ဗန္ဓုလအများပိုင်ကုမ္ပဏီလီမိတက်မှ အမှတ် ၁၂၈ ယာဉ်လိုင်းအတွက် အစီးရေ ၃၀ တို့ဖြင့် အသီးသီး ပြေးဆွဲပေးသွားမည်ဟု ဆိုသည်။

မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအဖွဲ့မှ ပြေးဆွဲမည့် အမှတ် ၁၂၇ ယာဉ်လိုင်းသည် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ၊ ဘုရင့်နောင်လမ်း၊ လေးထောင့်ကန်၊ စံပြစျေး၊သံသုမာလမ်း၊ ဘေလီ၊ ပင်လုံလမ်း၊ ပြည်ထောင်စုလမ်း၊ ၇/၈ လမ်းဆုံ၊ ရာဇဓိရာဇ်လမ်း၊ ဘုန်းကြီးကျောင်းကွေ့၊ မင်းရဲကျော်စွာလမ်း၊ စိတ်ကျန်းမာရေးဆေးရုံ၊ အမှတ်(၇)လမ်းမ၊ မစိုထိပ်၊ အမှတ်(၂)လမ်းမ၊ လေးထောင့်ကန်၊ ဘုရင့်နောင်လမ်း၊ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ(အဝိုင်းပတ်) ခရီးစဉ် အတိုင်း နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထို့နည်းတူ ဗန္ဓုလအများပိုင် ကုမ္ပဏီလီမိတက် မှ ပြေးဆွဲမည့် အမှတ် ၁၂၈ ယာဉ်လိုင်းသည် ဒဂုံတက္ကသိုလ်မှ သခင်မြပန်းခြံအထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး၊ အဆိုပါ ယာဉ်လိုင်းခရီးစဉ်၏ အသွားအပြန်လမ်းကြောင်းများမှာ ဒဂုံတက္ကသိုလ်၊ ဘုန်းကြီးကျောင်းကွေ့၊ ၇/၈ လမ်းဆုံ၊ မဝတ လမ်းဆုံ၊ ဘေလီ၊ စံပြစျေး၊ အသင်းတိုက်၊ လမ်းဆုံ(မြင်းပြိုင်ကွင်း)၊ တာမွေအဝိုင်း၊ ရွှေဂုံတိုင်၊ အုတ်လမ်း၊ လင့်လမ်း၊ မြေနီကုန်း၊ ဟယ်ပင်၊ စိန်ဂျွန်း၊ ဗဟိုရ်စည်၊ သခင်မြပန်းခြံ ခရီးစဉ်အတိုင်း နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here