ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ လုံခြုံစိတ်ချစွာလုပ်ကိုင်နိုင်ရန်၊သက်ဆိုင်ရာနိုင်ငံဥပဒေနှင့်အညီရပိုင်ခွင့်များ၊ကာကွယ်စောင့်ရှောက်မှုများအပြည့်အဝရရှိရန် သက် ဆိုင်ရာနိုင်ငံများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိ

0
194

ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်မည့် မြန်မာနိုင် ငံသားများ လုံခြုံစိတ်ချစွာလုပ်ကိုင်နိုင်ရန်၊သက် ဆိုင်ရာနိုင်ငံဥပဒေနှင့်အညီရပိုင်ခွင့်များ၊ကာကွယ်စောင့်ရှောက်မှုများအပြည့်အဝရရှိရန် သက် ဆိုင်ရာနိုင်ငံများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိ

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ အကြိမ် ၁၁၀ မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကာလအ တွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများ၏ အလုပ်သမားဝန်ကြီးများအစည်းအဝေးသို့ Video Conference ဖြင့်တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေအတွက် အ လုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနေသလို ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်မယ့် မြန်မာ နိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေ လုံခြုံစိတ် ချစွာရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ဖို့ ဥပဒေနဲ့အညီ ရပိုင်ခွင့်၊ကာကွယ်စောင့်ရှောက်မှုတွေ အ ပြည့်အဝရရှိစေဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသလို အလုပ် သမားတွေရဲ့ ကျွမ်းကျင်မှုနဲ့ဖွံ့ ဖြိုးတိုးတက်ရေးကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

ထို့ပြင် နစက အနေဖြင့် အလုပ်သမားများ အလုပ် အကိုင်ရရှိရေး၊ကုန်ထုတ်လုပ်မှုတိုးတက်၍ လုပ် ငန်းခွင်အေးချမ်းသာယာရေးနှင့်အစိုးရ၊အလုပ် ရှင်၊အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင် ရွက်မှုဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအား အလေးထားဆောင်ရွက်ပေးလျက်ရှိသည်ဟု မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ ကိုဗစ်(၁၉)ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ကျဆင်းခဲ့မှုအား ပြန်လည်ကုစားသည့်အနေဖြင့် နိုင်ငံသားများအလုပ်အ ကိုင်အခွင့်အလမ်းများပိုမိုရရှိနိုင်ရန် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပို မိုဝင်ရောက်ပြီး နည်းပညာနှင့်လုပ်သားဈေးကွက်တိုးတက်လာစေရန်၊ရင်းနှီးမြှုပ်နှံမှုအထောက်အ ပံ့များရရှိနိုင်ရန် နစက မှပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနဲ့နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုလုပ်ငန်းတွေမှာ စက်မှုလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်း၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနဲ့လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတွေမှာ အများဆုံးရင်းနှီးမြှုပ်နှံနေကြပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

ထို့ပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အားပေးကူညီ၍ နိုင်ငံ၏ထုတ်ကုန်များစွာထုတ် လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်၍ အလုပ်သမားများ၏ အကျိုးစီးပွားအား ဦးစားပေးမြှင့်တင်ဆောင်ရွက်သွားမည်ဟုပြောသည်။

“အလုပ်ရှင်တွေကိုလည်း ဥပဒေနဲ့အညီ ကာကွယ် စောင့်ရှောက်သွားမှာဖြစ်သလို ဘက်မလိုက်လှုပ် ရှားမှုအဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း အလုပ်သမားရေးရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here