ကျောင်းအပ်နှံမှုသီတင်းပတ်၏ ၅ရက်အတွင်း ကျောင်းလာအပ်သူ၄၈သိန်းကျော်ရှိ

0
72

ကျောင်းအပ်နှံမှုသီတင်းပတ်၏ ၅ရက်အတွင်း ကျောင်းလာအပ်သူ၄၈သိန်းကျော်ရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာတွင် ကျောင်းအပ်စတင် လက်ခံသည့် မေ ၂၆ ရက်မှ မေလ ၃၀ရက်အထိ ၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၄၈၉၄၄၂၈ ဦး ရှိကြောင်း အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုကျောင်းအပ်နှံမှုကိန်းဂဏန်းအချက်အလက်သည် ယခင်နှစ်ကထက် အဆပေါင်းများစွာ ပိုမိုသည်ကိုတွေ့ရသည်။

ကျောင်းသားမိဘတစ်ဦးက “ကိုဗစ်ကြောင့်က တစ်နှစ်၊နိုင်ငံရေးကြောင့်တစ်နှစ် နားခဲ့ရပြီးပြီ။ဒီနှစ်မှာ ဆက်နားရရင် ၃နှစ်ဖြစ်သွားမှာမို့ အပ်လိုက်ရတာ။ဒါကလည်း ကလေးတွေရဲ့ ရှေ့ရေးအတွက်ပါ။အကောင်တွေက ထွားလာကြပြီ။ဒီအချိန်က ပညာရေးဘက် စိတ်ရောက်နေမှ အခြားဘက်ရောက်သွားမှာလည်းစိုးတယ်”ဟု ပြောသည်။

လက်ရှိတွင် ကျောင်းအပ်ရေး၊မအပ်ရေး အမြင်မတူ ကွဲပြားသည့် ဘက်နှစ်ဖက် ရှိနေကြသည်။

တစ်ဖက်ကလည်း ကျောင်းမအပ်ရေးတွန်းအားပေးမှုအချို့တွေ့ရသလို၊တစ်ဖက်တွင်လည်း ကျောင်းအပ်သင့်သည်ဆိုသော အမြင်များရှိနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here