ဗီယက်နမ်နိုင်ငံရှိ မှန်တံတားအသစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့

0
117

ဗီယက်နမ်နိုင်ငံရှိ မှန်တံတားအသစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့

ဧပြီလ၌ ဗီယက်နမ်တွင် တတိယအကြိမ်မြောက် အသစ်ဖွင့်လှစ်ခဲ့သော မှန်တံတားသည် ကမ္ဘာ့အရှည်လျားဆုံး မှန်တံတားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့သည်။

ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း ဆွန်လာခရိုင်ရှိ ကျေးလက်ကုန်းမြင့်ဒေသ၌ တည်ရှိသော အဆိုပါ ဘတ်ချ်လောင်း (Bach Long) မှန်တံတားသည် နာမည်ကြီး တောင်ပေါ် အပန်းဖြေစခန်းတစ်ခုနှင့် ချိတ်ဆက်ပေးထားပြီး တံတားပေါ်မှ ရင်သက်ရှုမောဖွယ်ကောင်းပြီး စိမ်းလန်းစိုပြည်သော တောင်ပေါ် မိုးသစ်တော၏ ရှုခင်းအလှကိုပါ တွေ့မြင်ခံစားနိုင်မှာြဖစ်သည်။

မြေပြင်အထက် ၄၉၂ ပေ၌ တည်ဆောက်ထားပြီး အလျား ၂,၀၇၃ ပေရှိသော ၎င်းတံတားသည် ကိုဗစ်အပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်တွင်ကျယ်လာစေရန်အတွက် ဒေသတွင်းခရီးသွား အာဏာပိုင်များနှင့် ပြင်သစ် ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ ပူးတွဲတည်ဆောက်ထားသော တံတားဖြစ်သည်။

၎င်းတံတားအား လူအယောက် ၄၅၀ တစ်ပြိုင်တည်း ဖြတ်လျှောက်နိုင်အောင် တည်ဆောက်ထားပြီး တံတား၏ ခံနိုင်ဝန်ကို အက်စ်ယူဗွီကားတစ်စီးအား တံတားပေါ်တွင် မောင်းနှင်၍ စမ်းသပ်ထားသည်။

ဧပြီလတွင် ဖွင့်လှစ်ခဲ့​သော ထိုတံတားအား ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအရာရှိများက​မေလ​နောက်ဆုံးပတ်တွင် ကမ္ဘာ့အရှည်ဆုံးမှန်တံတားအဖြစ် အတည်ပြုလက်မှတ်ထုတ်ပေးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ကမ္ဘာ့အရှည်ဆုံး မှန်တံတားအတွက် ယခင်က တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ရှိ ၁,၇၂၆ ပေ အရှည်ရှိ မှန်တံတားမှ စံချိန်တင်ထားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here