ဖောင်းပြင်မြို့နယ်အတွင်း ဖြန့်ချိမည့် ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့်ဗလာစာအုပ်များ လုယက်ခံရ

0
287

ဖောင်းပြင်မြို့နယ်အတွင်း ဖြန့်ချိမည့် ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့်ဗလာစာအုပ်များ လုယက်ခံရ

ဖောင်းပြင်မြို့နယ်အတွင်း ဖြန့်ချိမည့် ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့်ဗလာစာအုပ်များအား မေလ၂၉ရက်မွန်းလွဲ၂နာရီက ကုန်တင်ရေယာဉ်ဖြင့် ရေလမ်းခရီးမှ သယ်ဆောင်လာစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ တားဆီး၍ လုယက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

“လုယက်ခံလိုက်ရတာက မော်လိုက်ခရိုင်ပညာရေးမှူးရုံးကနေ ဖောင်းပြင်မြို့နယ်ပညာရေးမှူးရုံးကို ပို့လိုက်တဲ့ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေနဲ့ဗလာစာအုပ်တွေပါ´´ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မော်လိုက်မြို့နယ်၊ ယုဝကျေးရွာအနီးတွင်
မေလ၂၉ရက်မွန်းလွဲ၂နာရီက မော်လိုက်ခရိုင်ပညာရေးမှူးရုံးမှ ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့
ဆောင်ခဲ့သည့် ကျောင်း သုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များပါဝင်သော ပီနံအိတ် ၄၁ အိတ်နှင့် စက္ကူဂျပ်ဖာ ၄၁ဖာအား မော်လိုက်-ဖောင်းပြင် ကုန် တင်ရေယာဉ်ဖြင့် သယ်ဆောင်လာစဉ် အဖွဲ့ဝင်(၂၀)ဦးခန့်ရှိသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ရေယာဉ်ကို တားဆီး၍ ကျောင်း သုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို လုယက်ယူဆောင်သွားခြင်းဖြစ်ကြောင်း
သိရသည်။

လုယက်ခံခဲ့ရသည့် စာအုပ်များမှာ ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁၀၀၀ (၁၂၀၀၀ အုပ်)၊ Grade-11 သင်ရိုးအတွက် စာရိတ္တနှင့်ပြည်သူ့နီတိပုံနှိပ်စာအုပ် ၂၅၀၀ အုပ်၊ ရူပဗေဒပုံနှိပ်စာအုပ် ၁၁၀၀ အုပ်နှင့် ရူပ ဗေဒလက်တွေ့ပုံနှိပ်စာအုပ် ၁၁၀၀ အုပ်၊ စုစုပေါင်း ပုံနှိပ်စာအုပ် ၄၇၀၀အုပ်တို့ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ၂၄ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများတွင် ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို သယ်ဆောင်လာသော ၁၂ဘီးယာဉ် ၂စီးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ တားဆီး ၍ ယာဉ်ပေါ်ပါ ကျောင်းသုံးပုံနှိပ်စာအုပ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here