ကျုံဒိုးမြို့နယ်ရှိ စစ်ဘေးရှောင်ကျေးရွာ ၃ ရွာနေသူများအား ဆန်အိတ်များပေးဝေခဲ့

0
185

ကျုံဒိုးမြို့နယ်ရှိ စစ်ဘေးရှောင်ကျေးရွာ ၃ ရွာနေသူများအား ဆန်အိတ်များပေးဝေခဲ့

ကျုံဒိုးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကျေးရွာ ၃ ရွာနေသူများအား မြို့နယ်စည်းရုံးရေးနှင့်ပြန် ကြားရေးဌာနမှ ဆန်အိတ်များသွားရောက်ပေးဝေခဲ့သည်ဟု KNU-ကျုံဒိုးမြို့နယ်၊သတင်းနှင့်ပြန် ကြားရေးအဖွဲ့မှ သိရသည်။

ကျုံဒိုးမြို့နယ်၊စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှ ဦးဆောင်၍ တပ်မဟာ(၆)နယ်မြေ၊ဒူးပလာယာခ ရိုင်၊လောင်းကိုင်အုပ်စုရှိ စစ်ဘေးရှောင်ကျေးရွာသုံးရွာဖြစ်သည့် ကော့ဖောင်း၊မိထလန်းနိုင်နှင့်ကမော့ကသူကျေးရွာတို့၌ ရောက်ရှိနေထိုင်သူများအား ပေးဝေခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ပေးဝေရာခြင်းအား မေ ၂၉ ရက်ကပြုလုပ်ခဲ့ရာ ကော့ဖောင်းကျေးရွာရှိ အိမ်ခြေ ၁၂၂ အိမ်၊မိထလန်းနိုင်ကျေး ရွာရှိ အိမ်ခြေ ၇၇ အိမ်၊ကမော့ကသူကျေးရွာရှိ အိမ်ခြေ ၁၆၁ အိမ်တို့အား တစ်အိမ်လျှင် ဆန် ၂၀ ပြည်ဝင်တစ်အိတ်စီထောက်ပံ့ပေးခဲ့ကြသည်။

“ပြည်သူတွေရဲ့ စားဝတ်နေရေးသက်သာစေဖို့အတွက် တစ်ဖက်တစ်လမ်းကနေ သွားပြီးပေးဝေတာဖြစ်ပါတယ် လာမယ့် ၆ လပိုင်းနဲ့ ၇လပိုင်းမှာလည်းသွားဝေပေးအုံးမှာပါ”ဟု စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန အတွင်းရေးမှူးကပြောသည်။

ကျုံဒိုးမြို့နယ်အတွင်း မတ်လမှစတင်၍ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNDO တပ်ရင်း ၆ ပူးပေါင်းအဖွဲ့များကြားတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသဖြင့် စစ်ဘေးရှောင်နေရသူများစွာရှိနေသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here