ရေတာရှည်မြို့နယ် ဆွာချောင်းအတွင်း၌ ကလေးငယ် ၃ ဦးရေနစ်ပျောက်ဆုံးရာမှ ၂ ဦး၏ရုပ်အ လောင်းများအားဆယ်ယူရရှိခဲ့

0
593

ရေတာရှည်မြို့နယ် ဆွာချောင်းအတွင်း၌ ကလေးငယ် ၃ ဦးရေနစ်ပျောက်ဆုံးရာမှ ၂ ဦး၏ရုပ်အ လောင်းများအားဆယ်ယူရရှိခဲ့

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ဆွာချောင်းအတွင်း မေ ၃၀ ရက်ညနေ ၅ နာရီခွဲခန့်က ရေနစ်ပျောက် ဆုံးသွားသည့် ကလေးငယ် ၃ ဦးအနက် ၂ ဦး၏ ရုပ်အလောင်းများအား ပြန်လည်ဆယ်ယူရရှိထားကြောင်း ရေတာရှည်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အဆိုပါ ကလေးငယ် ၃ ဦးသည် အေးသာယာကျေးရွာနေသူများဖြစ်ကာ တံတားကြီးကျေးရွာအနီးရှိ ရထားလမ်းတံတားအောက်ရှိ ဆွာချောင်းအတွင်း နွားများအားရေတိုက်စဥ် ရထားဖြတ်လာရာမှ နွားများမှာလန့်၍ ဆွာချောင်းအတွင်းခုန်ဆင်းရာမှ ကလေးငယ်များပါချောင်းအတွင်းပြုတ်ကျသွားရာမှ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နွားတွေရေတိုက်တော့ ကလေးတွေက နွားချည်ထားတဲ့ကြိုးတွေကိုင်ထားတာ ရထားလာတဲ့အ ချိန်နွားတွေကလန့်ပြီးရေထဲခုန်ချတော့ ကလေးတွေပါသွားပြီး နစ်သွားတာပါ ရေထဲပြုတ်ကျသွားတဲ့ကလေးတွေက မောင်သီဟထွန်း(၂)နှစ်၊မသဲစုလှိုင်(၁၁)နှစ်နဲ့မဆောင်းသီရိမွန်(၈)နှစ်တို့ပါ” ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေတာရှည်မြို့နယ်အခြေစိုက်လူမှုကူညီရေးအ သင်းဝင်များ၊အေးသာယာကျေးရွာနှင့်တံတားကြီးကျေးရွာတို့မှ ရွာသူ၊ရွာသားများက ဝိုင်းဝန်းရှာဖွေခဲ့ကြသဖြင့် ယင်းနေ့ည ၆ နာရီခွဲတွင် မောင်သီဟထွန်း(၂)နှစ်၏ ရုပ်အလောင်းအား ရေနီးကျေးရွာအနီး၌ ဆယ်ယူရရှိခဲ့သည်။

အလားတူ မေ ၃၁ ရက်နံနက် ၈ နာရီခန့်တွင်လည်း မသဲစုလှိုင်(၁၁)နှစ်၏ ရုပ်အလောင်းအား တံတားကြီးရွာအောက်ဘက်ရှိ ဆွာချောင်းအတွင်းမှဆယ် ယူရရှိခဲ့ကြောင်း သိရသည်။

“ကလေး ၂ ယောက်အလောင်းကိုဆယ်ပြီးသွားပြီ အသက်(၈)နှစ်ပဲရှိသေးတဲ့ မဆောင်းသီရိမွန်ကိုတော့ ရှာဖွေနေဆဲပဲ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား ဆွာနယ်မြေရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here