UWSA အနေဖြင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးစာချုပ်ကို ဆက်လက်လိုက်နာပြီး ထိန်းသိမ်းသွားမည်ဟုဆို

0
153

UWSA အနေဖြင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးစာချုပ်ကို ဆက်လက်လိုက်နာပြီး ထိန်းသိမ်းသွားမည်ဟုဆို

UWSA အနေဖြင့်ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ကို ဆက်လက်လိုက်နာပြီး ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ပြိုကွဲစေခြင်း ၊ နိုင်ငံတော်မှခွဲထွက်ခြင်း လုံးဝ ပြုလုပ်မည်မဟုတ်ဘဲ နိုင်ငံတော် ကာကွယ်ရေးနှင့် သံတမန်ရေးရာမှလွဲ၍ မိမိကိုယ်မိမိတို့စီမံ အုပ်ချုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဝ ပြည်နယ်ကိုယ်စားလှယ်အဖွဲ့က ငြိမ်းချမ်းရေးအတွက် နစကဥက္ကဌ နှင့်တွေ့ဆုံဆွေးနွေးရာတွင် အထပ်ပါအတိုင်း တင်ပြပြောဆိုခဲ့ခြင်းဖြစ်ကြောင်းUWSA၏လာရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံဦးညီရမ်းက ယနေ့တွင် သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခင်မိမိတို့ဘက် ပြည်ထောင်စုအစိုးရသို့အဆိုပြုတင်ပြခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုအထွေထွေမူဝါဒအရ အခြားတိုင်းရင်းငါးပြည်နယ်နှင့် တန်းတူရည်သော ဝအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တည်ထောင်ရန်တောင်းဆိုထားပြီး၊ ယင်းမှာ ဝပြည်နယ်အတွင်းနေထိုင်ကြသော ပြည်သူလူထု ခြောက်သိန်း၏စိတ်ဆန္ဒလည်းဖြစ်ကြောင်း တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အစိုးရနှင့်ဆွေးနွေးမှုသဘောတူညီချက် မရရှိနိုင်ပါကလက်ရှိအနေအထားကို ထိန်းသိမ်းရန်၊ နှစ်ဘက်ကြားပဋိပက္ခများကိုရှောင်ရှားရန်နှင့် အနာဂတ်တွင်ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်ပြေစေရန်အတွက် ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံးထိန်းသိမ်းသွားရန်တောင်းဆိုခဲ့ကြသည်။

ဝပြည်နယ်ကိုယ်စားလှယ်အဖွဲ့၏တင်ပြပြောဆိုမှုတွင် အစိုးရဘက်မှ မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏အတွင်းရေးသာဖြစ်ပြီး၊ပဋိပက္ခပို၍မဖြစ်စေလိုသောကြောင့် မည်သည့်ဘက်မှပါဝင်ပတ်သက်မည်မဟုတ်ကြောင်းလည်း တင်ပြခဲ့ကြကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here