နောင်ချိုမြို့နယ်ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား ဆရာမ(၆)ဦးပြင်းထန်စွာ ဒဏ်ရာရရှိ

0
255

နောင်ချိုမြို့နယ်ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား ဆရာမ(၆)ဦးပြင်းထန်စွာ ဒဏ်ရာရရှိ

ရှမ်းပြည်နောက်မြောက်ပိုင်း၊နောင်ချိုမြို့ရှိနောင်ချိုမြို့နယ်ပညာရေးမှူးရုံးအတွင်း မေလ၃၁ရက်နေ့မွန်းလွဲ၂နာရီ၁၀မိနစ်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဆရာမ(၆)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ ကနဦးစုံစမ်းသိရှိရသည်။

“ဒီနေ့နေလည် ၂နာရီကျော်လောက်ကဖြစ်သွားတာပါ။ဒီနေ့ကလကုန်ရက်ဆိုတော့ အစည်းအဝေးလုပ်တာတို့ လစာထုတ်တာတို့ ရှိတယ်။ပေါက်ကွဲတာက ပညာရေးမှူးရုံးသုံးထပ်ဆောင်ရဲ့အပေါ်ဆုံးထပ် အစည်းအဝေးခန်းမထဲမှာ ဖြစ်ခဲ့တာ။ဆရာမခြောက်ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်လို့ကြားတယ်။အဲဒီထဲက နှစ်ယောက်သေသွားတယ်လို့လည်း ကြားတယ်။ဗုံးပေါက်တဲ့ အစည်းအဝေးခန်းမ မီးလောင်ပြီး မျက်နှာဂျက်တွေ ပျက်စီးသွားတယ်တဲ့´´ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၃၁ရက် မွန်းလွဲ၂နာရီ၁၀မိနစ်က ရှမ်းပြည်နောက်မြောက်ပိုင်း၊နောင်ချိုမြို့နယ်ပညာရေးမှူးရုံးသုံးထပ်ဆောင်၏ အပေါ်ဆုံးအထပ် အစည်းအဝေးခန်းမအတွင်း မသမာသူအချို့ထောင်ထားခဲ့သည့်ချိန်ကိုက်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အစည်းအဝေးခန်းမ မီးလောင်ခဲ့ကာ မျက်နှာဂျက်ခေါင်မိုးများ ပွွင့်ထွက်ပျက်စီးခဲ့ပြီး ခန်းမအတွင်းရှိ ဆရာမခြောက်ဦးပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း မြို့ခံများထံမှစုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here