တိုင်းနှင့်ပြည်နယ်အချို့တွင် သံနှင့်ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများအား အသေးစားစက် မှုဇုန်များဖော်ဆောင်နိုင်ပါက ဒေသအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဟု နစက ဥက္ကဋ္ဌပြော

0
51

တိုင်းနှင့်ပြည်နယ်အချို့တွင် သံနှင့်ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများအား အသေးစားစက် မှုဇုန်များဖော်ဆောင်နိုင်ပါက ဒေသအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဟု နစက ဥက္ကဋ္ဌပြော

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ်(၄/၂၀၂၂)အား နေပြည်တော်၌ မေ ၃၁ ရက်ကပြုလုပ်ရာ နစက ဥက္ကဋ္ဌတက်ရောက်၍ အမှာစ ကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းစီး ပွားရေးလုပ်ငန်းများအား ပုံမှန်လည်ပတ်အောင်ဆောင်ရွက်ရန်လိုကာ နိုင်ငံတကာ၌ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုများကြောင့် စီးပွားရေးထိခိုက်မှုများရှိပြီး မိမိတို့နိုင်ငံတွင်လည်း ပြည်ပပို့ကုန်နှင့်ပတ်သက်၍ မျှော်မှန်းထားသလောက် တင်ပို့နိုင်ခဲ့ခြင်းမရှိကြောင်း နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ ပြည် ပသို့ ကုန်ပစ္စည်းများတင်ပို့နိုင်မည်ဖြစ်၍ ထုတ် လုပ်သည့်ကုန်ပစ္စည်းများသည် ဈေးကွက်ဝင်ကာ အရည်အသွေးကောင်းမွန်မှုရှိရန်လိုအပ်သည်ဟု ပြောသည်။

“နိုင်ငံတစ်ခုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအ တွက် ကဏ္ဍပေါင်းစုံက ကြိုးပမ်းဆောင်ရွက်မှသာ တိုးတက်မှုတွေရရှိနိုင်မှာဖြစ်ပါတယ် အစိုးရတစ်ရပ်အနေနဲ့ ရငွေရရှိမှသာ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝကြိုးပမ်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားချိန်မှာ ရငွေများနည်းပါးမှုဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းပြန်လည်တိုးတက်မှုတွေရှိခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ပြန်လည်တိုးတက်မှုများရှိသော်လည်း အ ပြည့်အဝရရှိခြင်းမရှိသေးသဖြင့် ရသင့်ရထိုက်သည့် အခွန်အခများရရှိစေရန် သက်ဆိုင်ရာဝန် ကြီးဌာနများမှ ဆောင်ရွက်ကြရမည်ဟု ပြော သည်။

အလားတူ နိုင်ငံပိုင်စက်ရုံ၊အလုပ်ရုံများမှ ကုန် ထုတ်လုပ်မှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အ ချို့စက်ပစ္စည်းများသည် သက်တမ်းကြာမြင့်ခြင်း၊နည်းပညာအရနောက်ကျခြင်းများရှိ၍ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်း၊သွင်းအားစုများပြည့်ဝစွာမရရှိခြင်းတို့ကြောင့် အရည်အသွေး ပြည့်မီသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းမရှိ သည်ကို တွေ့ရှိရသည်ဟု နစက ဥက္ကဋ္ဌကပြော သည်။

“မိမိတို့အစိုးရအနေနဲ့ ရရှိတဲ့ငွေအင်အားနဲ့ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပါတယ် နိုင်ငံတော်ရဲ့ငွေတွေကို အတတ်နိုင်ဆုံးချွေတာသုံးစွဲဖို့နဲ့မဖြစ်မနေသုံးစွဲရမယ်ဆိုရင်လည်း စည်း မျဉ်း၊စည်းကမ်းဥပဒေနဲ့အညီ စနစ်တကျစီစစ်သုံး စွဲကြဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

ထို့ပြင် နိုင်ငံ၏ကုန်သွယ်မှုလိုအပ်ချက်အရ ပြည် ပသွင်းကုန်အချို့တင်သွင်းခြင်းများအား ကန့် သတ်ခဲ့ရပြီး စက်သုံးဆီ၊စားဆီတို့နှင့်ပတ်သက်၍ ကမ္ဘာ့ဈေးကွက်အခြေအနေအရ ဈေးနှုန်းမြင့်တက်ခြင်းများရှိခဲ့သော်လည်း လုံးဝပြတ်လပ်ခြင်းများမရှိစေရန် စီမံဆောင်ရွက်ပေးခဲ့သည်ဟုပြောသည်။

အလားတူ အဆောက်အဦးများဆောက်လုပ်ရန်အတွက် တိုင်းနှင့်ပြည်နယ်အချို့တွင် သံမဏိနှင့် ဘိလပ်မြေများထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပ စ္စည်းများရှိ၍ ယင်း ကုန်ကြမ်းပစ္စည်းများအား အ သုံးချ၍ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံနှင့်ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများအား အသေးစားစက်မှုဇုံများဖော်ဆောင်နိုင်ပါက ဒေသလိုအပ်ချက်အား ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ကာ ဒေသအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဟု နစက ဥက္ကဋ္ဌကပြော သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here