YBS အမှတ် ၁၂၈ ယာဉ်လိုင်း ဇွန် ၁ နံနက် ၆နာရီမှ စတင်ပြေးဆွဲမည်

0
683

YBS အမှတ် ၁၂၈ ယာဉ်လိုင်း ဇွန် ၁ နံနက် ၆နာရီမှ စတင်ပြေးဆွဲမည်

ဗန္ဓုလအများပိုင်ကုမ္ပဏီလီမိတက်က ပြေးဆွဲမည့် YBS အမှတ် ၁၂၈ ယာဉ်လိုင်းသည် ဇွန် ၁ နံနက် ၆နာရီမှစတင်ပြေးဆွဲသွားမည်ဟု သိရသည်။

YBS အမှတ် ၁၂၈ ယာဥ်လိုင်းအနေဖြင့် အစီးရေ ၃၀ စီးဖြင့် ဒဂုံတက္ကသိုလ်(ဂိတ်အစ)မှ သခင်မြပန်းခြံ(ဂိတ်ဆုံး)အထိ အသွားအပြန်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ယာဥ်စီးခနှုန်းထားများအဖြင့် သတ်မှတ်ရာတွင် ကျပ်နှစ်ရာ နှုန်းသာကောက်ခံရမည်ဖြစ်ပြီး၊ YPSကတ်စနစ်ဖြင့်လည်း စီနင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားထားသည်။

“ယာဉ်စီးခ ပုံသေ ၂၀၀ ကျပ် ပါ။ YPS ကတ်နဲ့လည်း စီးလို့ရပါတယ်။ ဟု ၎င်းကဆိုသည်။

ယင်းသို့ တိုးချဲ့ပြေးဆွဲရခြင်းသည် ရန်ကုန်မြို့အတွင်း ကျောင်းသား/ကျောင်သူများနှင့် ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရန် ရည်ရွယ်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
ဗန္ဓုလအများပိုင် ကုမ္ပဏီလီမိတက် မှ ပြေးဆွဲမည့် အမှတ် ၁၂၈ ယာဉ်လိုင်းသည် ဒဂုံတက္ကသိုလ်မှ သခင်မြပန်းခြံအထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး၊ အဆိုပါ ယာဉ်လိုင်းခရီးစဉ်၏ အသွားအပြန်လမ်းကြောင်းများမှာ ဒဂုံတက္ကသိုလ်၊ ဘုန်းကြီးကျောင်းကွေ့၊ ၇/၈ လမ်းဆုံ၊ မဝတ လမ်းဆုံ၊ ဘေလီ၊ စံပြစျေး၊ အသင်းတိုက်၊ လမ်းဆုံ(မြင်းပြိုင်ကွင်း)၊ တာမွေအဝိုင်း၊ ရွှေဂုံတိုင်၊ အုတ်လမ်း၊ လင့်လမ်း၊ မြေနီကုန်း၊ ဟယ်ပင်၊ စိန်ဂျွန်း၊ ဗဟိုရ်စည်၊ သခင်မြပန်းခြံ ခရီးစဉ်အတိုင်း နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

အလားတူ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်း အဖွဲ့ကလည်း YBSအမှတ်၁၂၈ယာဥ်လိုင်းကို အစီးရေ ၁၀စီးဖြင့်ပြေးဆွဲရန်လျာထားသော်လည်း စတင်ပြေးဆွဲမည့်ရက်ကို မသိရှိရပေ။

အဆိုပါ ယာဥ်လိုင်းပြေးဆွဲမည့်ခရီးစဥ်လမ်းကြောင်းမှာ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ၊ ဘုရင့်နောင်လမ်း၊ လေးထောင့်ကန်၊ စံပြစျေး၊သံသုမာလမ်း၊ ဘေလီ၊ ပင်လုံလမ်း၊ ပြည်ထောင်စုလမ်း၊ ၇/၈ လမ်းဆုံ၊ ရာဇဓိရာဇ်လမ်း၊ ဘုန်းကြီးကျောင်းကွေ့၊ မင်းရဲကျော်စွာလမ်း၊ စိတ်ကျန်းမာရေးဆေးရုံ၊ အမှတ်(၇)လမ်းမ၊ မစိုထိပ်၊ အမှတ်(၂)လမ်းမ၊ လေးထောင့်ကန်၊ ဘုရင့်နောင်လမ်း၊ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ(အဝိုင်းပတ်) ခရီးစဉ် အတိုင်းပြေးဆွဲရန်ရှိနေသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here