ပေါက်မြို့နယ်ရှိ ကွန်ကရစ်တံတား တစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

0
150

ပေါက်မြို့နယ်ရှိ ကွန်ကရစ်တံတား တစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊အုန်းတော(မြောက်)ကျေးရွာအနီး ပခုက္ကူ-ပေါက်-မင်းတပ်သွားကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်း
ဖြစ်သည့် ပေါက်တံတားအား မေလ၃၁ရက်မွန်းလွဲ၃နာရီခွဲခန့်က မသမာသူအချို့၏ မိုင်းခွဲဖျက်ဆီးခြင်းကိုခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“အုန်းတော(မြောက်)ကျေးရွာ ချောင်းကူးတဲ့ ပေါက်တံတားပေါ်မှာ ဒီနေ့နေ့လည်ပိုင်းက ချိန်ကိုက်မိုင်းဖောင်ပြီး ဖောက်ခွဲသွားပါတယ်။လူထိခိုက်ဒဏ်ရရတတော့မရှိပါဘူး။တံတားတိုင်တွေပျက်စီးပြီး တံတားကြမ်းခင်းပေါက်ထွက်သွားတယ်´´ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

ပေါက်တံတားအား မိုင်းထောင်ဖျက်ဆီးမှုကြောင့် တံတားတိုင်အချို့ကျိုးပဲ့ပျက်စီးပြီး တံတားကြမ်းခင်း ၈ပေခန့်ပေါက်ထွက်သွားကြောင်းနှင့်တံတားအား မိုင်းထောင်ဖျက်ဆီးခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here