တက္ကဆက်၊ ဇွန် ၁
မန်ဒရင်း ဘာသာပါသင်သည့် Texas၊ Dallas မြို့ရှိ နိုင်ငံတကာကျောင်းသို့ Qin သွားရောက်စဥ် အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်သည်။ကျောင်းသားများနှင့် ဆရာများကလည်း Qin ရဲ့လာရောက်မူကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
“တရုတ်-အမေရိကန် ဆက်ဆံရေးမှာ တည်ငြိမ်ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဖို့နဲ့ မှန်ကန်တဲ့ တရုတ်မူဝါဒတွေ ချမှတ်နိုင်ဖို့ တရုတ်ဘာသာစကားကို ကျွမ်းကျင်ပြီး တရုတ်နိုင်ငံကို အမှန်တကယ် နားလည်တဲ့ အမေရိကန်တွေရှိဖို့ လိုအပ်ပါတယ်”
” ဘာသာစကားကျွမ်းကျင်မူကဆက်ဆံရေးမှာ နားလည်မှုနဲ့ ယုံကြည်မှုကို ဖြစ်စေတယ်။ အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုကြောင့် အပြန်အလှန်ဆက်ဆံရေး ပိုကောင်းလာနိုင်ပါတယ်”
“တရုတ်နဲ့ အမေရိကန်က နှစ်နိုင်ငံ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရုံသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီမှုတွေကိုလည်း အတူလုပ်ခဲ့ကြတာပါ”
“ရာသီဥတု ဖောက်ပြန်မှု၊ ယူကရိန်း အကျပ်အတည်း၊ COVID-19 လိုမျိုး ရှုပ်ထွေးမှုတွေနဲ့ စိန်ခေါ်မှုတွေကို ယနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတွေ အတူတကွ ရပ်တည်ပြီး ပူးပေါင်း လုပ်ဆောင်ရမှာ ဖြစ်တယ်။ တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှုက အထူး အရေးကြီးပါတယ်” ဟု Qin က ကျောင်းသားများအား ပြောကြားခဲ့သည်။
“ကံမကောင်းစွာပဲ၊ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးသည် မကြုံစဖူးအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရတယ်။ နားလည်မှုလွဲခြင်း အထင်အမြင်လွဲခြင်းများမှသည် အပြန်အလှန်ယုံကြည်မှု ကျဆင်းလာစေတယ်။အဓိက ကတော့ အမေရိကန် အစိုးရနဲ့ ပညာရှင်တွေက တရုတ်ဘာသာစကားကို ကျွမ်းကျင်တဲ့ လူအနည်းငယ်သာ ရှိတာကြောင့် တရုတ်ကို နားလည်ဖို့ ခက်ခဲပါတယ်။သတင်းမှားတွေကြောင့် နားလည်မူပိုလွဲနေတာပါ” ဟု Qin ကဆိုသည်။
Source: ChinaDaily