အ​မေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ​ပြောကြားမူများ

0
114
အ​မေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ​ပြောကြားမူများ

တက္ကဆက်၊ ဇွန် ၁

တရုတ်နဲ့ အမေရိကန်ကြား ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ တရုတ်နဲ့ တရုတ်ဘာသာစကားကို တကယ်နားလည်သူတွေ လိုအပ်နေတာကြောင့်အမေရိကန်ပြည်ထောင်စုဆိုင်ရာ တရုတ်သံအမတ်ကြီး Qin က အင်္ဂါနေ့က အမေရိကန် ကျောင်းသားတွေကို တရုတ်စကား တတ်မြောက်ဖို့ တိုက်တွန်းခဲ့သည် ။

မန်ဒရင်း ဘာသာပါသင်သည့် Texas၊ Dallas မြို့ရှိ နိုင်ငံတကာကျောင်းသို့ Qin သွား​ရောက်စဥ် အထက်ပါအတိုင်း​ပြောခဲ့ခြင်းဖြစ်သည်။ကျောင်းသားများနှင့် ဆရာများကလည်း Qin ရဲ့လာ​ရောက်မူကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

“တရုတ်-အမေရိကန် ဆက်ဆံရေးမှာ တည်ငြိမ်​ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဖို့နဲ့ မှန်ကန်တဲ့ တရုတ်မူဝါဒတွေ ချမှတ်နိုင်ဖို့ တရုတ်ဘာသာစကားကို ကျွမ်းကျင်ပြီး တရုတ်နိုင်ငံကို အမှန်တကယ် နားလည်တဲ့ အ​မေရိကန်တွေရှိဖို့ လိုအပ်ပါတယ်”
” ဘာသာစကားကျွမ်းကျင်မူကဆက်ဆံရေးမှာ နားလည်မှုနဲ့ ယုံကြည်မှုကို ဖြစ်စေတယ်။ အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုကြောင့် အပြန်အလှန်ဆက်ဆံရေး ပိုကောင်းလာနိုင်ပါတယ်”
“တရုတ်နဲ့ အ​မေရိကန်က နှစ်နိုင်ငံ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရုံသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီမှု​တွေကိုလည်း အတူလုပ်ခဲ့ကြတာပါ”
“ရာသီဥတု ဖောက်ပြန်မှု၊ ယူကရိန်း အကျပ်အတည်း၊ COVID-19 လိုမျိုး ရှုပ်ထွေးမှုတွေနဲ့ စိန်ခေါ်မှုတွေကို ယနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတွေ အတူတကွ ရပ်တည်ပြီး ပူး​ပေါင်း လုပ်ဆောင်ရမှာ ဖြစ်တယ်။ တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှုက အထူး အရေးကြီးပါတယ်” ဟု Qin က ကျောင်းသားများအား ပြောကြားခဲ့သည်။

“ကံမကောင်းစွာပဲ၊ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးသည် မကြုံစဖူးအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရတယ်။ နားလည်မှုလွဲခြင်း အထင်အမြင်လွဲခြင်းများမှသည် အပြန်အလှန်ယုံကြည်မှု ကျဆင်းလာစေတယ်။အဓိက ကတော့ အမေရိကန် အစိုးရနဲ့ ပညာရှင်တွေက တရုတ်ဘာသာစကားကို ကျွမ်းကျင်တဲ့ လူအနည်းငယ်သာ ရှိတာကြောင့် တရုတ်ကို နားလည်ဖို့ ခက်ခဲပါတယ်။သတင်းမှား​တွေ​ကြောင့် နားလည်မူပိုလွဲ​နေတာပါ” ဟု Qin ကဆိုသည်။

Source: ChinaDaily 

 


LEAVE A REPLY

Please enter your comment!
Please enter your name here