ကိုဗစ်(၁၉)ရောဂါ ပထမလှိုင်းနှင့်ဒုတိယလှိုင်းအတွင်း ယာယီပိတ်ခဲ့ရသည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမား ၁၆ သိန်းကျော်အား လူမှုဖူလုံရေးထောက်ပံ့ငွေများပေးအပ်ခဲ့

0
88

ကိုဗစ်(၁၉)ရောဂါ ပထမလှိုင်းနှင့်ဒုတိယလှိုင်းအ တွင်း ယာယီပိတ်ခဲ့ရသည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမား ၁၆ သိန်းကျော်အား လူမှုဖူလုံရေးထောက်ပံ့ငွေများပေးအပ်ခဲ့

လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသည့် အာ မခံအလုပ်သမား ၁၆၃၄၁၇၄ ဦးအားထောက်ပံ့ငွေများပေးအပ်လျက်ရှိခြင်းနှင့်ပတ်သက်၍ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှပြောကြားခဲ့ခြင်းဖြစ်သည်။

၁၁၀ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သ မားရေးရာညီလာခံကာလအတွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများ၏ အလုပ်သမားဝန် ကြီးများအစည်းအဝေးသို့ Video Conference ဖြင့်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်(၁၉)ရောဂါဖြစ်ပွားစဉ်ကာလအတွင်းမှာ လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားတဲ့ ကိုယ် ဝန်ဆောင်အမျိုးသမီးအာမခံအလုပ်သမား ၄၀၂၈ ယောက်အတွက် ငွေကျပ် ၅၈၅ ဒသမ ၄၇၂ သန်းကို မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့်အဖြစ် ထောက်ပံ့ပေးခဲ့ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါအတည်ပြုလူနာများနှင့် Quarantine ဝင်ရောက်ရသည့် အာမခံအလုပ်သ မား ၅၁၂၅ ဦးအား ငွေကျပ် ၂၉၂ ဒသမ ၅၇၀ သန်းကို မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့်အ ဖြစ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“ကိုဗစ်(၁၉)ရောဂါ ပထမလှိုင်းနဲ့ဒုတိယလှိုင်းကာ လအတွင်းမှာ ယာယီပိတ်ထားရတဲ့ စက်ရုံ၊အလုပ် ရုံတွေက အာမခံအလုပ်သမား ၁၆၃၄၁၇၄ ယောက်ကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုး ခံစားခွင့်အဖြစ် ငွေကျပ် ၇၀၈၂၉ ဒသမ ၇၅၆ သန်းကိုလည်း ထောက်ပံ့ကူညီပေးခဲ့ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

အလားတူ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ် ငန်းစဉ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့်အ သက် ၂ နှစ်အောက်ကလေးငယ်များအား ငွေ ကြေးအထောက်အပံ့ပေးရေးအစီအစဉ်နှင့်အ သက် ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အစီအ စဉ်တို့ကို လစဉ် ထောက်ပံ့ပေးလျက်ရှိပြီး အကျုံး ဝင်အသက်အား ၈၅ နှစ်အထိ လျှော့ချထောက်ပံ့ပေးခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here