အင်္ဂလန်တွင် မျောက်ကျောက်ရောဂါကူးစက်လာ​နေကြောင်း ကျန်းမာရေးဌာနအတည်ပြု

0
129

အင်္ဂလန်တွင် မျောက်ကျောက်ရောဂါကူးစက်လာ​နေကြောင်း ကျန်းမာရေးဌာနအတည်ပြု

လန်ဒန်၊ဇွန် ၂
အင်္ဂလန်နိုင်ငံကျန်းမာရေးဌာနUKHSAက မျောက်ကျောက်ရောဂါသည် လူတဦးမှတဦးသို့ကူးစက်ပျံ့နှံ့မှုရှိ​နေပုံရကြောင်း မ​နေ့ကကြေငြာခဲ့သည်။

အပျော့စားဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သော မျောက်ကျောက်ရောဂါသည် အာဖရိကအလယ်ပိုင်းနှင့်အနောက်ပိုင်းတွင်အဓိကအများဆုံးဖြစ်ပွားနေခဲ့ရာ လူချင်းအနီးကပ်ထိတွေ့မှုရှိမှသာကူးစက်နိုင်သည်ဟုယူဆခဲ့သည်။ မေလအစောပိုင်းအထိ အာဖရိကနိုင်ငံတွေမှာသာဖြစ်ပွားနေခဲ့ကာ ထိုနေရာသို့ခရီးသွားလာမှုရှိမှသာ ကူးစက်ခံရခြင်းဖြစ်သည်။

သို့သော်ယခုဖြစ်နေသောအခြေအနေများသည် အာဖရိကနိုင်ငံများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း လူတစ်ဦးမှတစ်ဦးသို့ကူးစက်ရာမှဖြစ်ပေါ်လာသည့် အခြေအနေမျိုးဖြစ်နေသည်ဟု အင်္ဂလန်နိုင်ငံ ကျန်းမာရေးဌာနမှဆိုသည်။

ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်အရ အင်္ဂလန်၏မျောက်ကျောက်အတည်ပြုလူနာများထဲမှ ၁၃၂ ဦးမှာ လန်ဒန်မှဖြစ်ကြပြီး ၁၁၁ ဦးသည် လိင်တူဆက်ဆံရာမှကူးစက်ခြင်းဖြစ်ကြောင်းသိရသည်။ကူးစက်ခံရသူများအနက်နှစ်ဦးသာလျှင် အမျိုးသမီးများဖြစ်ကြသည်။

၂၁ ရက်အတွင်း ဥရောပနိုင်ငံများသို့ခရီးသွားရာဇဝင်ရှိပြီးသူများထဲမှ ၃၄ ဦးအတည်ပြုလူနာပေါ်ထွက်ခဲ့သည်။ ထိုပမာဏသည် မေလ ၃၁ ရက်အထိ အတည်ပြုလူနာ ၁၉၀ ဦး၏ ၁၈ ရာခိုင်နှုန်းဖြစ်သည်။

ဥရောပတွင်မျောက်ကျောက်ရောဂါဖြစ်ပွားမှုဆက်လက်မြင့်တက်လျက်ရှိပြီး ပညာရှင်များကလည်း ကူးစက်မှုနောက်ကွယ်ကအကြောင်းတရားကိုဖော်ထုတ်နိုင်ရန်ကြိုးပမ်းလျက်ရှိကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်အရ ယခုအထိ အာဖရိကမှမဟုတ်သည့် မျောက်ကျောက်အတည်ပြုလူနာစာရင်း ၅၅၀ ဦးရှိသည်ဟုသိရသည်။

မျောက်ကျောက်ရောဂါသည် ပုံမှန်အားဖြင့် တုပ်ကွေးကဲ့သို့ လက္ခဏာများနှင့် အရေပြားအနာများဖြစ်​လေ့ရှိပြီး ရက်ပိုင်းအတွင်း သက်သာ​သွားနိုင်သည်။ ရောဂါပိုးကူးစက်ခံရသူအနည်းငယ်မျှသာ အသက်အန္တရာယ်ရှိနိုင်သည်။
Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here