စားအုန်းဆီအခြေအနေ
ကမ္ဘာ့ထိပ်တန်းစားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားသည် ဇွန် ၂ ရက်အထိ ကုမ္ပဏီ ၁၈ ခုအတွက် စားအုန်းဆီ တင်ပို့မှု ပါမစ် ၁၆၀ စောင်ကို ထုတ်ပေးခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ Oke Nurwan က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။စားအုန်းဆီတင်ပို့မူကိုတားမြစ်ထားခြင်းကိုရုတ်သိမ်းလိုက်ပြီဖြစ်သည်။
ယခုအချိန်အထိ ထုတ်ပေးထားသော ခွင့်ပြုမိန့်မှာ တင်ပို့မှု ၁၇၉၄၆၄ တန်ရှိကြောင်း ၎င်းက ဆိုသည်။
မလေးရှားနိုင်ငံ၏စားအုန်းဆီ ထုတ်လုပ်မှုသည် ၂၀၂၂ခုနှစ်တွင်တန်ချိန် ၁၈.၆ သန်းထွက်မည်ဟု ခန့်မှန်းထားသည်။ ယခင်နှစ်က ကိုဗစ်ကြောင့် အလုပ်သမားရှားပါးမူဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁၈.၁ သန်းသာထွက်ရှိခဲ့သည်ဟုMPOC မှထုတ်ပြန်ထားသည် ။
Ref: CNA