ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး တရားစီရင်မှုများဆောင်ရွက်နေပြီဖြစ်

0
141

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး တရားစီရင်မှုများဆောင်ရွက်နေပြီဖြစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ကြော်ငြာစာအမှတ် (၂၄၀/၂၀၂၂) ဖြင့် တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကို ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယခုရက်ထဲထုတ်ပြန်သည့် မြန်မာနိုင်ငံပြန်တမ်းပါမှတ်တမ်းများအရသိရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး ကိုယ်တိုင်ထုတ်ပြန်လိုက်သော အမိန့်စာထဲဝယ် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၇) ၏ သဘောတူညီခွင့်ပြုချက်ဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၄) ရုံး၏ ဖွဲ့စည်းပုံကို အတည်ပြုပေးခဲ့ပြီးဖြစ်၍ ယင်းဖွဲ့စည်းပုံအရ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကို ဖွင့်လှစ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟုဆိုထားသည်။

ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးအား ဖွဲ့စည်းထားရှိပြီးဖြစ်၍ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၃ အရ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးအားနမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ် မြို့နယ်များတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် တရားမမှုများကို စစ်ဆေးစီရင်နိုင်ရန် စီရင်ပိုင်ခွင့်အာဏာအပ်နှင်းလိုက်ဟုလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here