မျက်လုံးအစားထိုးခွဲစိပ်ကုသမှုအတွက် အလှူငွေများလှူဒါန်းပေးခဲ့တဲ့ ဝေလာရီ

0
208

မျက်လုံးအစားထိုးခွဲစိပ်ကုသမှုအတွက် အလှူငွေများလှူဒါန်းပေးခဲ့တဲ့ ဝေလာရီ


အသီးအနှံမျိုးစုံရောင်းချနေရပြီး သမီးဖြစ်သူနဲ့ရိုးသားစွာရုန်းကန်နေရသူအမရဲ့မျက်လုံးအစားထိုးခွဲစိပ်ကုသရန်လိုအပ်နေတဲ့ငွေကြေးများကို MRTV-4 ရဲ့သရုပ်ဆောင်မင်းသမီးချောလေးဖြစ်တဲ့ဝေလာရီက လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလိုအပ်နေတဲ့ ကွက်လပ်လေးကိုဖြည့်ဆည်းပေးခဲ့တာပတ်သက်ပြီး အကျိုးဆောင်ကူညီပေးခဲ့တဲ့ ကိုဝေလုက

” သမီးလေးတစ်ဉီးနဲ့ အသီးအနှံမျိုးစုံရောင်းပြီး
ဘဝကို ရိုးသားစွာရပ်တည်နေသူပါ ။ဒီအစ်မကလည်း ကျွန်တော်တင်တဲ့ post တွေကိုမြင်ပြီးဆက်သွယ်အကူအညီတောင်းခံလာလို့
ကူညီပေးဖြစ်ခဲ့တာပါခုတော့ ဒီအစ်မရဲ့ကွက်လပ်လေးလည်းကျွန်တော်ရဲ့အကျိုးဆောင်ကူညီမှုနဲ့လှပပြည့်စုံခဲ့ပါပြီ

ဒီအစ်မရဲ့ကွက်လပ်အတွက်ကုန်ကျစရိတ်ကို လှူဒါန်းပေးခဲ့တာကMRTV – 4 ရဲ့ မင်းသမီးချောလေးဝေလာရီ ပဲဖြစ်ပါတယ်။ညီမလေးက
ကျွန်တော်တင်တဲ့ post တွေကိုမြင်ပြီး
ကွက်လပ်ဖြည့်အလှူလေး လှူဒါန်းချင်လို့
ကျွန်တော့်ကို ပြောထားခဲ့တာပါဒီနေ့မှပဲ မင်းသမီးလေးရဲ့ကွက်လပ်ဖြည့်အလှူလေး
လှူဒါန်းချင်တဲ့ ဆန္ဒလေးပြည့်ဝခဲ့ရပါပြီ” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here