တိုင်းနှင့်ပြည်နယ်အလိုက် ကျေးရွာပိုင်ထင်းစိုက် ခင်းများစိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့် ဖြစ်ထွန်းအောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်ရမည်

0
109

တိုင်းနှင့်ပြည်နယ်အလိုက် ကျေးရွာပိုင်ထင်းစိုက် ခင်းများစိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့် ဖြစ်ထွန်းအောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်ရမည်

နစက ဥက္ကဋ္ဌမှ နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ရေဆင်းဆည်အနီး၌ ဇွန် ၂ ရက်ကပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိ သားစုဝင်များ၏ ၂၀၂၂ ခုနှစ်အတွက် ပထမအ ကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်၍ ထင်း၊မီးသွေးအား လောင်စာအဖြစ်အသုံးပြုနေကြဆဲဖြစ်ကာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ချက် ပြုတ်ရေးအတွက်အများစုသည် ထင်းကို အဓိကထားသုံးစွဲနေကြရသည်ဟု ပြောသည်။

“ဒါ့ကြောင့် သဘာဝသစ်တောတွေအပေါ် အဓိက မှီခိုအားထားနေကြရပါတယ် အဲဒီလိုမှီခိုနေရမှုတွေကို လျှော့ချနိုင်ဖို့အတွက် တိုင်းနဲ့ပြည်နယ်တွေမှာ ကျေးရွာပိုင်ထင်းစိုက်ခင်းတွေကို တစ်ရွာမှာအနည်းဆုံး ၂ ဧက စိုက်ပျိုးတည်ထောင်ကြဖို့မှာကြားခဲ့ပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အပင်စိုက်သည့်အခါတွင် စိုက်ပျိုးပြီး သည်နှင့်မလုံလောက်ဘဲ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကာ တစ်ပင် စိုက်တစ်ပင်ရှင်စနစ်ဖြင့် ဖြစ်ထွန်းအောင်မြင်စေရန်အား သက်ဆိုင်ရာဌာနများမှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံသားအားလုံးမှလည်း ပူး ပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြော သည်။

“မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာဟာ တစ်နှစ်ထက်တစ်နှစ်လျော့နည်းပျက်စီးလာပြီး သစ်တောတွေ ပိုမိုပျက်စီးလာတာကို စီစစ်တွေ့ရှိရပါတယ် ဒါ့ကြောင့် သစ်ပင်သစ်တောပြုန်းတီးမှုကိုဖြစ်စေနိုင်တဲ့ သစ်တောထွက်ကုန်အလွန်အကျွံထုတ်ယူသုံးစွဲတာ ကိုယ်ကျိုးစီးပွားအတွက် တ ရားမဝင်သစ်ထုတ်ယူတာ ရွှေ့ပြောင်းတောင်ယာတွေ စိုက်ပျိုးတာတွေကို ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် လျှပ်စစ်မီးရရှိမှုအားနည်းနေပါက ထင်း အသုံးပြုမှု ရှိနေဦးမည်ဖြစ်၍ ထင်းအသုံးပြုမှုများအား စနစ်တကျဖြစ်စေရန်နှင့်ထင်းအစားထိုးလောင်စာများအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

အလားတူ မြန်မာနိုင်ငံတွင် သစ်အားအခြေခံသည့် အဆောက်အဦးများ အများအပြားရှိနေသဖြင့် နိုင်ငံ၏လူနေမှုစနစ်အား မြှင့်တင်ပေးရမည်ဖြစ်ကာ ခေတ်နှင့်လျော်ညီပြီး သဟဇာတဖြစ်သည့် အဆောက်အဦးများဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here