စက်သုံးဆီတင်သွင်းရာတွင် အခွန်ရာခိုင်နှုန်း အနည်းငယ်သာကောက်ခံထားပြီးရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များအား ခံဝန်ကတိရယူထား၊ သက်ဆိုင်ရာစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားပြီး ဖြစ်ဟုဆို

0
220

စက်သုံးဆီတင်သွင်းရာတွင် အခွန်ရာခိုင်နှုန်း အနည်းငယ်သာကောက်ခံထားပြီးရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များအား ခံဝန်ကတိရယူထား၊ သက်ဆိုင်ရာစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားပြီး ဖြစ်ဟုဆို

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးများနှင့်ပတ်သတ်ပြီး ရည်ညွှန်းလက်လီဈေးနှုန်းများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ စသည်ဖြင့် ခွဲပြီး နေ့စဉ် ထုတ်ပြန်ပေးလျှက်ရှိသည့်အပြင် ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ထိန်းကြောင်းပေးနေသည်ဟု အဆိုပါကော်မတီ၏ ထုတ်ပြန်ထားချက်များအရသိရသည်။

မြန်မာနိုင်ငံသည် ပြည်တွင်းစက်သုံးဆီလိုအပ်ချက်၏ ၁၀ရာခိုင်နှုန်း ခန့်သာ ပြည်တွင်းမှ ထုတ်လုပ်ဖြည့်ဆည်းနိုင်နေပြီး၊ ကျန် ၉၀ရာခိုင်နှုန်း ခန့်အား ပြည်ပမှတင်သွင်း အသုံးပြုနေရသည့်အတွက် ပြည်တွင်း၌ ရောင်းချသည့် စက်သုံးဆီဈေးနှုန်းမှာလည်း နိုင်ငံတကာဈေးနှုန်း အပေါ် မူတည်၍ ပြောင်းလဲလျက်ရှိနေသည်ဟုသိရသည်။

၂၀၂၂ မေလ ၃၁ရက် နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများအား တရားဝင်ငွေလဲလှယ် နှုန်း ၁၈၅၀ ကျပ် ဖြင့်တွက်ပါက ဓါတ်ဆီ (၁) လီတာ ၂၂၄၀ ကျပ် (1.21 USD)၊ ဒီဇယ် (၁) လီတာ ၂၄၅၀ ကျပ် (1.324 USD) ဖြစ်ပြီး၊ အရှေ့တောင်အာရှနိုင်ငံများတွင်အများဆုံးဖြစ်သော စင်္ကာပူနိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ ၄၁၈၁ ကျပ် (2.260 USD)၊ ဒီဇယ် (၁) လီတာ ၃၈၉၈ ကျပ် (2.107 USD) ဖြစ်သဖြင့် မြန်မာနိုင်ငံထက် ဓါတ်ဆီ (၇၉%) နှင့် ဒီဇယ် (၅၇%) ပိုများနေသည်ကိုတွေ့ရှိရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှလိုအပ်သော စက်သုံးဆီများအား စင်္ကာပူနိုင်ငံမှ အဓိကဝယ်ယူတင်သွင်းပြီး အိမ်နီးနားချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ (1.506 USD)၊ ဒီဇယ် (၁) လီတာ (0.927 USD)၊ လာအိုနိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ (1.654 USD)၊ ဒီဇယ် (၁) လီတာ (1.329 USD)၊ တရုတ်နိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ (1.4 USD)၊ ဒီဇယ် (၁) လီတာ (1.258 USD)နှင့် အိန္ဒိယနိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ (1.344 USD)၊ ဒီဇယ် (၁) လီတာ (1.205 USD) ဖြစ်ပေါ်လျက် ရှိနေသည်ဟုသိရသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရာတွင် ကောက်ခံသည့်အခွန်အား ရာခိုင်နှုန်း အနည်းငယ်သာကောက်ခံ၍ ပြည်သူများ သက် သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် မူဝါဒချမှတ်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။

အချို့နိုင်ငံများတွင် စက်သုံးဆီတင်သွင်းမှုအပေါ် အခွန်ကောက်ခံမှုများသဖြင့် မြန်မာနိုင်ငံထက် ဈေးများရခြင်းဖြစ်ပြီး၊ မလေးရှားနိုင်ငံတွင် အစိုးရမှ (Subsidize) ထပ်ဆောင်းဖြည့်ဆည်းပေးသဖြင့် မြန်မာနိုင်ငံထက် ၆၀% ခန့် သက်သာသည်ကို တွေ့ရှိရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကဏ္ဍနှင့်ပါတ်သတ်ပြီး တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေး ပြည့်မီရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ရည်ရွယ်၍ အဖွဲဝင်(၁၀)ဦး ပါဝင်သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ကို ၂၁-၄-၂၀၂၂ ရက်နေ့မှ စတင်ဖွဲစည်းကာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများအား ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နေသည့်အပြင် နစကဘက်ကလည်း ငွေကြေးဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် နိုင်ငံခြားသုံးငွေ လဲလှယ်မှုနှုန်းကို ၁၈၅၀ ကျပ်ဖြင့် ပုံမှန်နှုန်းထား သတ်မှတ်ပေးခဲ့ခြင်းများရှိခဲ့ကြသည်။

ထို့အပြင် ကော်မတီအနေဖြင့်လည်း နိုင်ငံတော်အတွက် အခွန်အခများရရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ တင်သွင်းခွင့်လိုင်စင်များ စိစစ်ခွင့်ပြုခြင်း၊ နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိ စေရေး စိစစ်တင်ပြခြင်း၊ တင်သွင်းစက်သုံးဆီများ၏ သိုလှောင်ဖြန့်ဖြူးရောင်းချမှုများအား ကြပ်မတ် ဆောင်ရွက်ခြင်း၊ အရည်အသွေးမှန်ကန်မှုရှိစေရန် စိစစ်ကြပ်မတ်ခြင်း၊ ဈေးကွက်အတွင်း ဈေးကစား လိုသည့် လုပ်ဆောင်မှုများနှင့် မသမာသောရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောနှောရောင်းချခြင်း များရှိလာပါက အရေးယူနိုင်ရေး Traceability Record ထား၍ ကြီးကြပ်ဆောင်ရွက်ခြင်း စသည် တို့ကို ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီဖြန့်ဖြူးရောင်းချမှု ဈေးနှုန်းများကို ကြပ်မတ်စောင့်ကြည့်လျှက်ရှိသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here