ဖားကန့်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအား ကြိုးတုတ်လျက်ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့

0
142

ဖားကန့်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအား ကြိုးတုတ်လျက်ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့

 

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊နတ်မော်ကျေး ရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအာဗြဲ(၅၅)နှစ်အား ဇွန် ၂ ရက်နံနက် ၈ နာရီခန့်က ကြိုးတုတ်လျက်ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့်သေ ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဖားကန့်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအာဗြဲ၏ရုပ်အ လောင်းအား ဆိုင်းတောင်ရွာအထွက်ရှိ ရွာဟောင်းအနီး၌ တွေ့ရှိခဲ့ရခြင်းဖြစ်ကာ လက်အားကြိုးတုတ်၍ မျက်နှာတွင်လည်းတိတ်ဖြင့်ပတ်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

“အလောင်းတစ်ခုတွေ့တယ်ဆိုပြီးသတင်းရလို့ သွားသယ်ပေးခဲ့တာပါ သေနတ်ဒဏ်ရာတော့မတွေ့ဘူး ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေတွေ့တယ် လက်မောင်းလည်းကျိုးနေတယ်”ဟုလူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

ကြိုးတုတ်လျက်ရိုက်နှက်ခံထားရပြီးသေဆုံးခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ဖားကန့်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။

“မနက်ပိုင်းမှာ ရင်ခွဲရုံပို့ပေးခဲ့တယ် ညကြတော့ အုပ်ချုပ်ရေးမှူးရဲ့အလောင်းကိုအိမ်ပြန်သယ်သွားကြပြီလို့ သိရပါတယ်”ဟုလူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအာဗြဲ သတ်ဖြတ်ခံရသည့်ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here