e-ID စနစ်သည် e-Government စနစ်အတွက် အ ခြေခံအကျဆုံးလုပ်ငန်းဖြစ်၍ နိုင်ငံအတွက်မဖြစ်မနေဆောင်ရွက်ရမည်

0
190

e-ID စနစ်သည် e-Government စနစ်အတွက် အ ခြေခံအကျဆုံးလုပ်ငန်းဖြစ်၍ နိုင်ငံအတွက်မဖြစ်မနေဆောင်ရွက်ရမည်

e-Government စနစ်၏ အခြေခံအကျဆုံးလုပ် ငန်းဖြစ်သည့် e-ID စနစ်အကောင်အထည်ဖော်ရန် e-ID စနစ်လုပ်ငန်းကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့ခြင်းဖြစ်သည်။

“e-ID စနစ်လုပ်ငန်းဟာ e-Government စနစ်အ တွက် အခြေခံကျတဲ့လုပ်ငန်းတစ်ခုဖြစ်တာကြောင့် နိုင်ငံအတွက်မဖြစ်မနေဆောင်ရွက်ရမှာဖြစ်သလို လက်ရှိနိုင်ငံတော်အစိုးရတာဝန်ယူချိန်မှာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆုံးဖြတ်ဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ထို့ပြင် e-lD စနစ်အား နိုင်ငံတော်၏ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်၍ e-ID စနစ်လုပ်ငန်းအ တွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အီလက်ထရောနစ်မှတ်ပုံတင်စ နစ်ဦးစီးဌာနအား ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

” e-ID စနစ်လုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ငန်းကော် မတီဖွဲ့စည်းပြီးဖြစ်သလို ဆပ်ကော်မတီတွေကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ် လုပ်ငန်းနဲ့ပတ် သက်တဲ့ ဥပဒေဆိုင်ရာတွေနဲ့ပတ်သက်ပြီးလည်း ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေပြီဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

အလားတူ e-ID စနစ်အကောင်အထည်ဖော်ရာတွင် Unique ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်း အပိုင်း(၂)ပိုင်းဖြင့် ဆောင် ရွက်သွားမည်ဟု ပြောသည်။

လက်ရှိတွင် e-ID စနစ်တစ်ခုလုံးအတွက် ဒီဇိုင်းပုံစံ Master Plan အားပြည်တွင်းနည်းပညာအကြံပေး အဖွဲ့များနှင့်ညှိနှိုင်းဆွေးနွေးတိုင်ပင်ကာ ရေးဆွဲထားပြီးဖြစ်ကာ နိုင်ငံတကာအဆင့်မီဖြစ်စေရန် ပြည်ပနည်းပညာအကြံပေးများအား ငှားရမ်းဆောင်ရွက်ရမည်ဟု ပြောသည်။

“ဒါမှသာ မိမိတို့အသုံးပြုမယ့် Enrollment Kit နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရေးဆွဲထားတဲ့ Master Plan တွေအပေါ် လိုအပ်တဲ့အကြံပြုချက်တွေ လုပ်ငန်းစဉ်အတွက်လိုအပ်တဲ့ သင်တန်းပေးနိုင်ရေးအခြေအနေတွေကို ပြည်ပနည်းပညာ အ ကြံပေးက သုံးသပ်ဆွေးနွေးအကြံပြုပေးနိုင်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။

e-ID စနစ်လုပ်ငန်းသည် နိုင်ငံအတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကာ အချိန်ကာလ၊နိုင်ငံတကာအဟန့်အတား၊နည်းပညာကျွမ်းကျင်မှုစသည့် ကန့်သတ်ချက်များအပေါ် ခြုံငုံသုံးသတ် ၍ ယင်းအစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here