အင်ဒိုနီးရှားရှိ နွားများတွင် ခွာနာလျှာရောဂါ ကူးစက်ပြန့်ပွားနေ၍အမဲသားစားရန် ကြောက်ရွံ့နေ
ဂျာကာတာ၊ ဇွန် ၃ ရက်
မေလအစောပိုင်းလောက်ထဲက နွားမွေးမြူရေးခြံများတွင်နွားများ ပုံမှန်မဟုတ်ဖြစ်နေခဲ့သည်။
နွားများ အဖျားကြီး၊ နှာရည်ယို၊ အသက်ရှုနှုန်းမြန်၊ အစားနည်းလာပြီး တံတွေးတွေလည်း အမြှုပ်ထလာတယ် ဟုအရှေ့ဂျာဗား၊ ဂရက်စ်ခ်တွင် နေထိုင်သူ မစ္စတာ စီတီယာဝမ် က ပြောသည်။
ရက်အနည်းငယ်အတွင်းမှာပဲ အခြားနွားတွေမှာလည်း အဲဒီလို ပုံစံတူ ရောဂါလက္ခဏာတွေပြလာပြီး နွားရဲ့ခွာတွေမှာ အရည်ကြည်ဖုထတာနဲ့ ပြည်တည်တာတွေ ဖြစ်လာပါတယ်လို့ CNA သတင်းဌာနသို့စီတီယာဝမ်ကပြောပြ သည် ။
မေလ ၅ ရက်နေ့တွင် မွေးမြူရေးလုပ်ငန်းဌာန အေဂျင်စီမှ နွားခြံများကိုသွားရောက်စစ်ဆေးခဲ့ရာ နွားများ လျှာနာခွာနာ (FMD) ခံစားနေရကြောင်း ထုတ်ပြန်ခဲ့သည်။
မေလ ၉ ရက်နေ့ တွင် သမ္မတ ဂျိုကိုဝီဒိုဒို က ရောဂါပျံ့နှံ့ ခြင်းကို ကာကွယ်ဖို့အတွက်ရောဂါလက္ခဏာပြနေသော နွားများကိုဒေသတွင်းထိမ်းသိမ်းလော့ဒေါင်းချထားရန်အမိန့်ပေးထားသည် ။
သို့သော်ယခုခါ၌FMD သည် ပြည်နယ် ၃၄ ခုတွင် ၁၆ ပြည်နယ် အထိ ပျံ့နှံ့နေပြီး မေလ ၂၂ ရက်နေ့အထိ အနည်းဆုံး နွားအကောင်ရေ ၂၀,၇၂၃ ကောင်ကို ကူးစက်ခဲ့သည်။ ကူးစက်ခံနွားများကို သတ်ပစ်ရသည့်အတွက် တောင်သူလယ်သမား၊မွေးမြူရေးသမားများလည်း ဆုံးရူံးမူများ ရင်ဆိုင်နေရသည်။
၎င်း ခွာနာလျှာနာ ရောဂါ (FMD) သည် တိိရိစ္ဆာန်များတွင်အလွန် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်သည်။ ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်ကဲ့သို့တိရစ္ဆာန်များတွင် ကူးစက်တတ်သည်။
ကူးစက်ခံရသည့် တိရစ္ဆာန်များသည် ပုံမှန်အားဖြင့် ခြေချောင်းကြား၊ ခြေဖနောင့်ကြား၊ နှုတ်ခမ်း၊ နို့ရည်ဂလင်း နဲ့ လျှာ တွင် အရည်ကြည်ဖုတွေပေါ်လာပြီး အစာစားတာ၊ လမ်းလျှောက်တာနဲ့ မတ်တပ်ရပ်တာတွေပါ မလုပ်လာနိုင်တဲ့ အထိဖြစ်လာတတ်သည်ဟု WOAH ကပြောထားသည်။
ယေဘုယျအားဖြင့်ခွာနာလျှာနာ သည်လူသားများထံ အလွယ်တကူ ကူးစက်နိုင်မည်မဟုတ်ကြောင်း သိရသည်။
ယခုနှစ်ဇူလိုင်လဆန်းတွင်ကျင်းပမည့် အစ္စလာမ်ပွဲတော် အိဒ် အတွက်ဆင်းရဲသားများကို အမဲသားဝေဖို့အတွက် နွားအလုံအလောက်မရှိနိုင်မှာကိုလည်း ပူပန်နေကြရသည်။
Source: CNA