ယခုနှစ်အတွင်း အာဖရိကတွင်ကိုဗစ်ကြောင့်သေဆုံးမှုလျော့ကျလာနိုင်

0
56

ယခုနှစ်အတွင်း အာဖရိကတွင်ကိုဗစ်ကြောင့်သေဆုံးမှုလျော့ကျလာနိုင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း အာဖရိကတိုက်တွင်ပြီးခဲ့သည်နှစ်နှင့်ယှဥ်ပါက ကိုဗစ်ကြောင့်သေဆုံးမှု ၉၄ ရာခိုင်နှုန်းနီးပါးကျဆင်းနိုင်ကြောင်းခန့်မှန်းထားသည်။

“ကျွန်မတို့ရဲ့ နောက်ဆုံးလေ့လာတွေ့ရှိချက်အရ အာဖရိကနိုင်ငံတွေမှာ ကိုဗစ်ကြောင့်သေဆုံးမှု တစ်နေ့ကို ၆၀ လောက်သာဖြစ်သည်ထိလျော့သွားနိုင်ပါတယ်။မနှစ်ကဆို တစ်နေ့ကို ၉၇၀ လောက်တောင်သေဆုံးကြတာလေ” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အာဖရိကဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Matshidiso Moeti က အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ယခုကဲ့သို့ကိန်းဂဏန်းများ‌ လျော့ကျလာခြင်းသည် ကာကွယ်ဆေးထိုးနှံမှု၊ ကူးစက်ရောဂါတုံ့ပြန်မှု ပိုမိုကောင်းမွန်လာခြင်းနှင့် ကြိုတင်ကူးစက်မှုကိုခံနိုင်သည့် သဘာဝ ကိုယ်ခံစွမ်းအားများ ကြောင့်ဖြစ်သည် ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့မှဆိုသည်။

မေလကုန်ပိုင်းတွင် အာဖရိက၌ ကိုဗစ်အတည်ပြုလူနာ ၁၁.၈ သန်းကျော်ရှိ ကြောင်းကိုအတည်ပြုခဲ့ပြီး ကပ်ရောဂါစတင်ချိန်မှစ၍ လူပေါင်း နှစ်သိန်းခွဲသေ‌ဆုံးခဲ့သည်ဟု အာဖရိကဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးဌာန၏ ဒေတာများအရသိရသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်များအရ သေဆုံးမှုကိုတွန်းအားပေးနိုင်သည့် အခြားတွဲဖက်ရောဂါများကြောင့်ပါ အာဖရိကတွင် သေဆုံးနှုန်းပိုမိုမြင့်မားကြောင်းတွေ့ရှိရသည်ဟုဆိုသည်။

အာဖရိကနိုင်ငံများတွင် ကပ်ရောဂါအစောပိုင်းကာလကတည်းက ကာကွယ်ဆေးရရှိရန်ကြိုးပမ်းခဲ့ကြပြီး ယခုအခါလူအ‌တော်များများဆေးထိုးနှံပြီးကြသော်လည်း ပို့ဆောင်မှုနှောင့်​နှေးခြင်းနှင့် လုပ်ငန်းစဉ်ဆိုင်းငံ့ခြင်းများကြောင့် ဆေးများလက်ဝယ်ရောက်ရှိရန်ခက်ခဲနေသေးသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း လုပ်ဆောင်စရာများရှိနေသေး‌သည်ဟုဆိုသည်။

“အလုပ်တွေကမပြီးသေးပါဘူး၊ ကျွန်မတို့အနားယူတော့မယ်ဆိုတိုင်း ကိုဗစ်ကတစ်ခါပြန်ထလာပြန်ရော” ဟု လည်း Moeti ကဆိုခဲ့ပြီး မျိုးကွဲအသစ်အသစ်တွေရဲ့ခြိမ်းခြောက်မှုကလည်းရှိနေသေးပြီး အဲ့လိုအမျှင်မပြတ်လာနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ဖို့လဲကျွန်မတို့အဆင်သင့်ဖြစ်နေရပါမယ်” ဟု ဆိုခဲ့သည်။

Source – Aljerzeera


LEAVE A REPLY

Please enter your comment!
Please enter your name here