မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်

0
155

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်

ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့်မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်အား ယခုလဆန်းပိုင်းကစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်နဲ့စေလွှတ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ဒီနယ်စပ်ဂိတ်ကနေ စေလွှတ်မှုတွေပြုလုပ်နေပါပြီ”ဟု တိုင်းဒေသကြီးပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးကပြောသည်။

ယခုပြန်ဖွင့်လိုက်သည့် နယ်စပ်ဂိတ်သည် ယာယီပိတ်ထားသည်က ၂နှစ်နီးပါးအထိပင် ရှိနေပြီဟုသိရသည်။

အခုပြန်ဖွင့်လိုက်ပြီဖြစ်၍ နယ်စပ်ဖြတ်သန်းခွင့်ကဓ်ဖြင့်လည်း သတ်မှတ်ထားသည့်အတိုင်းဖြတ်သန်းသွားလာနိုင်ပြီဟုသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here