မြစ်ကြီးနားမြို့ရှိ ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား

0
123

မြစ်ကြီးနားမြို့ရှိ ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊သီတာရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ ဇွန် ၂ ရက်နေ့က လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသ ခံများထံမှ သိရသည်။

မလိခဝန်ထမ်းအိမ်ရာဝင်းအတွင်း မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေးရုံးရှေ့ရှိ ဂိုထောင်ဟောင်းဘေးတွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အမည်မသိအမျိုးသား ၂ ဦးမှပစ်ပေါက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“လက်လုပ်မိုင်းနဲ့ပစ်ပေါက်ပြီး ထွက်ပြေးသွားကျတယ် လူတွေမရှိတဲ့ဂိုထောင်ဟောင်းဘေးကိုကျပြီးပေါက်ကွဲသွားတယ် အသံကတော့အကျယ်ကြီးပဲ လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟုဒေသ ခံတစ်ဦးကပြောသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဂိုထောင်အားကာရံထားသည့် သွပ်ပြားများပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှလက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခဲ့သည့် အ မျိုးသား ၂ ဦးအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here