ကြို့ပင်ကောက်မြို့တွင် ရွှေဆိုင်ဖွင့်ရန်လာစဥ် သေနတ်ပြခြိမ်းခြောက်၍ ရွှေ ၅ ပိဿာကျော်ထည့်ထားသည့် အိတ်အားလုယက်ယူဆောင်သွား

0
223

ကြို့ပင်ကောက်မြို့တွင် ရွှေဆိုင်ဖွင့်ရန်လာစဥ် သေနတ်ပြခြိမ်းခြောက်၍ ရွှေ ၅ ပိဿာကျော်ထည့်ထားသည့် အိတ်အားလုယက်ယူဆောင်သွား

ပဲခူးတိုင်း(အနောက်ခြမ်း)၊ကြို့ပင်ကောက်မြို့ရှိ ကြို့ပင်ကောက်မြို့မစျေး၌ ရွှေဆိုင်ဖွင့်ရန်လာသည့် ရွှေဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းဖြစ်သူအား ဇွန် ၃ ရက်(ယနေ့)နံနက် ၇ နာရီကျော်ခန့်က သေနတ်ပြခြိမ်းခြောက်၍ လုယက်သွားခဲ့ခြင်းဖြစ်သည်။

ရွှေဆိုင်ဖွင့်ရန်လာသည့် ရွှေဆိုင်ပိုင်ရှင်နှင့်ဝန် ထမ်းဖြစ်သူတို့သည် ရွှေများထည့်ထားသည့်အိတ်အား စျေးဝင်ပေါက်အနီး၌ ကားပေါ်မှချနေစဥ် မျက်နှာဖုံး(အနက်ရောင်)တပ်ဆင်ထားသည့် အမည်မသိအမျိုးသားတစ်ဦးမှ သေနတ်ပြခြိမ်း ခြောက်ပြီး ရွှေ ၅ ပိဿာကျော်ထည့်ထားသည့် အိတ်အား လုယက်ခဲ့သည်။

“ကြို့ပင်ကောက်စျေးထဲမှာဖွင့်ထားတဲ့ ရွှေဆိုင်ပါ ရွှေဆိုင်ပိုင်ရှင်ရဲ့သားကမနက်ပိုင်းဆိုင်လာဖွင့်တဲ့အချိန်ဖြစ်သွားတာ ရွှေဆိုင်ပိုင်ရှင်သားဆိုပေမယ့်လည်း သူကလည်းရွှေဆိုင်ပိုင်ရှင်ပဲလေ ဖြစ်သွားချိန်ကဘယ်လောက်မှမကြာဘူး ၁၀ မိနစ်လောက်ပဲကြာတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ထိုသို့ လုယက်စဥ် ရွှေဆိုင်ဝန်ထမ်းမှရွှေများထည့်ထားသည့် အိတ်အားပြန်လည်ရယူရာ အဆိုပါ အ မျိုးသားမှသေနတ်ဖြင့်ပစ်ခတ်၍ အိတ်အားလု ယက်ယူဆောင်ကာ အမည်မသိအမျိုးသားတစ်ဦးမောင်းနှင်ကာ အသင့်စောင့်ဆိုင်းနေသည့် ဆိုင်ကယ်ပေါ်သို့တက်ကာ ရန်ကုန်-ပြည်ကားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ရွှေဆိုင်ဝန်ထမ်းအမျိုးသားမှာပေါင်ခြံတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်၌ သေနတ်ပြခြိမ်းခြောက်သူ၏ သေနတ်မှာအခင်းဖြစ်နေရာ၌ကျကျန်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ သိမ်းဆည်းခဲ့ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲလုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here