တူရကီနိုင်ငံ၏ အမည်ကို “တုကီယေး” ( Türkiye ) ဟု တရားဝင်ပြောင်း
တူရကီသည် ၎င်း သမ္မတ၏ မေတ္တာရပ်ခံချက်အရ ယခုမှစ၍ နိုင်ငံအမည်များ တုကီယေး ဟု ပြောင်းလဲကြောင်း ကုလသမဂ္ဂသို့ပေးပို့ခဲ့သည်။ ကုလသမဂ္ဂက ဇွန်လ (၂) ရက် ကြာသပတေးနေ့ တုကီယေး ဟုခေါ်ဆိုရန် ထုတ်ပြန်ကြေညာပေးခဲ့သည်။
“အဲဒီ ပြောင်းလဲမှုဟာ ချက်ချင်းဖြစ်သွားခဲ့တာပါ” ဟု ကုလသမဂ္ဂအကြီးအကဲ ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က အီးမေးလ်ဖြင့် AFP သတင်းဌာန သို့ ပြောကြားခဲ့သည်။
အဆိုပါ ပြောင်းလဲမှုအား တောင်းဆိုသော အန်ကာရာ၏ တရားဝင်စာကို ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ၏ နယူးယောက် ဌာနချုပ်၌ လက်ခံရရှိခဲ့ကြောင်း ဒူဂျာရစ်က ပြောခဲ့သည်။
တူရကီနိုင်ငံခြားရေးဝန်ကြီး မီဗလွတ် ကာဗာဆိုဂလူးက ” ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဆီသို့ ကျွန်တော် ပေးပို့ခဲ့သောစာ နှင့်အတူ ၊ ကျွန်တော်တို့သည် ကုလသမဂ္ဂ ရှိ နိုင်ငံခြားဘာသာစကားများတွင် ကျွန်ုပ်တို့ နိုင်ငံ၏အမည်ကို ‘တုကီယေး’ အဖြစ် မှတ်ပုံတင်နေပါတယ် ဟုရေးသားအသိပေးကြောင်း”ပြောခဲ့သည်။
Source: CNA