တူရကီနိုင်ငံ၏ အမည်ကို “တုကီယေး” ( Türkiye ) ဟု တရားဝင်ပြောင်း

0
265

တူရကီနိုင်ငံ၏ အမည်ကို “တုကီယေး” ( Türkiye ) ဟု တရားဝင်ပြောင်း

တူရကီသည် ၎င်း သမ္မတ၏ မေတ္တာရပ်ခံချက်အရ ယခုမှစ၍ နိုင်ငံအမည်များ တုကီ​ယေး ဟု ​ပြောင်းလဲ​ကြောင်း ကုလသမဂ္ဂသို့ပေးပို့ခဲ့သည်။ ကုလသမဂ္ဂက ဇွန်လ (၂) ရက် ကြာသပတေးနေ့ တုကီ​ယေး ဟု​ခေါ်ဆိုရန် ထုတ်ပြန်ကြေညာ​ပေးခဲ့သည်။

“အဲဒီ ပြောင်းလဲမှုဟာ ချက်ချင်းဖြစ်သွားခဲ့တာပါ” ဟု ကုလသမဂ္ဂအကြီးအကဲ ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က အီးမေးလ်ဖြင့် AFP သတင်းဌာန သို့ ပြောကြားခဲ့သည်။

အဆိုပါ ပြောင်းလဲမှုအား တောင်းဆိုသော အန်ကာရာ၏ တရားဝင်စာကို ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ၏ နယူးယောက် ဌာနချုပ်၌ လက်ခံရရှိခဲ့ကြောင်း ဒူဂျာရစ်က ပြောခဲ့သည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး မီဗလွတ် ကာဗာဆိုဂလူးက ” ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဆီသို့ ကျွန်တော် ပေးပို့ခဲ့သောစာ နှင့်အတူ ၊ ကျွန်တော်တို့သည် ကုလသမဂ္ဂ ရှိ နိုင်ငံခြားဘာသာစကားများတွင် ကျွန်ုပ်တို့ နိုင်ငံ၏အမည်ကို ‘တုကီယေး’ အဖြစ် မှတ်ပုံတင်နေပါတယ် ဟုရေးသားအသိ​ပေး​ကြောင်း”​ပြောခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here