ဘားအံမြို့ရှိ CB ဘဏ်ခွဲ ၂ အား သေနတ်ပြခြိမ်း ခြောက်၍ ဓားပြတိုက်ခဲ့သူ ၃ ဦးအားနာရီပိုင်းအ တွင်းလက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ တစ်ဦးသေဆုံး

0
42

ဘားအံမြို့ရှိ CB ဘဏ်ခွဲ ၂ အား သေနတ်ပြခြိမ်း ခြောက်၍ ဓားပြတိုက်ခဲ့သူ ၃ ဦးအားနာရီပိုင်းအ တွင်းလက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ တစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ဘားအံမြို့၊အမှတ် ၉ ရပ်ကွက်၊ရေကျော်လမ်းရှိ CB ဘဏ်ခွဲ ၂ အား ဇွန် ၃ ရက်နေ့လည်ပိုင်းက သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်ခဲ့သူ ၃ ဦးအား နာရီပိုင်းအတွင်း လုံခြုံရေးအဖွဲ့ဝင်များက လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့ နေ့လည် ၃ နာရီခွဲခန့်က CB ဘဏ်ခွဲ ၂ သို့ Honda odessy ကားဖြင့် သီဟ၊မောင်မောင်ဦး၊ကျော်ကျော်၊ကိုကြက်နှင့်ကုလားတို့ရောက်ရှိလာကာ ဘဏ်အတွင်းသို့ဝင်ရောက်၍ သေနတ်ပြခြိမ်းခြောက်ပြီး ငွေကျပ် ၁၂၅၄ သိန်းအား လု ယက်ယူဆောင်ကာ ဘားအံ-မြိုင်ကြီးငူလမ်းအ တိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သွသူများအား ဖမ်းဆီးရမိရေးအတွက် ချိတ် ဆက်ဆောင်ရွက်ခဲ့ကြသဖြင့် ဓားပြတိုက်သူများမောင်းနှင်လာသည့်ကားမှာ ကြို့ချောင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာရာ စစ် ဆေးရန်ရပ်တန့်ခိုင်းစဥ် မောင်းနှင်ထွက်ပြေးသ ဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းသို့ ခြောက်လှန့်ပစ်ခတ်ခဲ့သဖြင့် ကားသည်လမ်းဘေးချောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ပြီး ကားပေါ်၌လိုက်ပါလာသူများက သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ကာ ကားမောင်းသူ သီဟ အားအသေဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

အလားတူ မောင်မောင်ဦးနှင့်ကျော်ကျော် တို့အား Glock ပစ္စတို ၁ လက်၊ကျည်အိမ် ၂ ခု၊ကျည် ၅ တောင့်၊ဖုန်း ၁ လုံး၊ဓားပြတိုက်ယူဆောင်လာသည့် ငွေကျပ် ၁၂၅၄ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ရှမ်းရွာသစ်ရွာ၌နေထိုင်လျက်ရှိသူများဖြစ်သည့် ကိုကြက်နှင့်ကုလားတို့မှထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရအ ရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်သွားသူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here