ဆော်လမွန်ကျွန်းစုအတွက် ဒေါ်လာသန်း ၁၃၀ ကမ္ဘာ့ဘဏ်အသုံးပြုမည်

0
154

ဆော်လမွန်ကျွန်းစုအတွက် ဒေါ်လာသန်း ၁၃၀ ကမ္ဘာ့ဘဏ်အသုံးပြုမည်

ဝဲလ်လင်တန်၊ဇွန် ၃

ဆော်လမွန်ကျွန်းစုတွင် ပြုလုပ်မည့်ပရောဂျက်များနှင့်အထောက်အပံ့များအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၁၃၀ အသုံးပြုရန်စီစဉ်နေပြီး ယခုလအတွင်းခွဲဝေပေးနိုင်ရန်မျှော်လင့်ထားသည်ဟုသိရှိရသည်။

အဆိုပါထောက်ပံ့မှုအစီအစဉ်တွင် လေဆိပ်အခြေခံအဆောက်အဦးတိုးတက်ရေးနှင့်တံတားများအဆင့်မြှင့်တင်ရေးအတွက် ဒေါ်လာ ၈၉ သန်းအသုံးပြုမည်ဖြစ်ကြောင်း ဇွန်လ (၂) ရက်ကြာသပတေးနေ့တွင် ​ဆော်လမွန်ကျွန်းအတွက် ကမ္ဘာ့ဘဏ် ဌာ​နေကိုယ်စားလှယ်က ​ပြောကြားခဲ့သည်။

အကြမ်းအားဖြင့် ဒေါ်လာ ၄၁ သန်းတန်ဖိုးရှိသောအခြား ပရောဂျက်သုံးခုကို အပြီးသတ်ရန်ကျန်နေသေးသော်လည်း ဇွန်လကုန်ပိုင်းတွင်ရန်ပုံ​ငွေကြေညာနိုင်ရန်မျှော်လင့်ထားသည်ဟုသိရသည်။

“ဒီပရောဂျက်အသစ်က လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ အရေးကြီးပြဿနာတွေကို ဖြေရှင်းပေးပါလိမ့်မယ်” ဟု လည်းဌာ​နေကိုယ်စားလှယ်က ဆိုသည်။

ဆော်လမွန်ကျွန်းစုရှိနိုင်ငံနှစ်နိုင်ငံ ကတရုတ်နှင့်လုံခြုံရေးစာချုပ်တွင် လက်မှတ်ထိုးပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များသည် ဆော်လမွန်ကျွန်းတွင် တရုတ်နိုင်ငံ၏ဩဇာလွှမ်းမိုးမှုကြီးမားလာမည်ကို စိုးရိမ်လျက်ရှိကြသည်။

အဆိုပါစာချုပ်သည် သယံဇာတကြွယ်ဝသော ပစိဖိတ်ဒေသသို့ တရုတ်နိုင်ငံ၏အဓိကထိုးဖောက်ဝင်ရောက်မှုတစ်ခုဖြစ်သည်။
အ​ရေးပါ​သော အခြေခံအဆောက်အဦးပရောဂျက်များစွာတည်​ဆောက်ရန်အတွက်တရုတ်ကရန်ပုံ​ငွေ​ထောက်ပံ့ပြီး​နောက်သ​ဘောတူစာချုပ်ချုပ်လိုက်ခြင်းဖြစ်သည်။
Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here