ရန်ကုန်တိုင်းနှင့်ကရင်ပြည်နယ်တို့တွင် ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ခေါင်းခါဆေးနှင့်ကက်တမင်းများဖမ်းဆီးရမိ

0
337

ရန်ကုန်တိုင်းနှင့်ကရင်ပြည်နယ်တို့တွင် ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ခေါင်းခါဆေးနှင့်ကက်တမင်းများဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက မေ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက် ဟို တယ်တစ်ခု၏ အခန်းအမှတ်-၅၀၉ အား မေ ၂၅ ရက်မွန်းလွဲ ၂ နာရီခွဲက သတင်းအရဝင်ရောက်ရှာဖွေစစ်ဆေးရာ အခန်းအတွင်းတည်းခိုနေထိုင်သူများဖြစ်သည့် နိုင်လွင်နှင့်ဟိန်းသူစိုး(ခ) Shake တို့အား Ecstasy-အက်တက်စီ(ခေါင်းခါဆေး) ဆေး ၅၀ ပြား၊ Ketamine-ကက်တမင်း(၃ ဂရမ်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ည ၇ နာရီတွင် စိတ်ပြောင်းဆေးဝါးများအား ဖြန့်ဖြူးရောင်းချသူ ထက်အောင်ဝေ(ခ)Jason အား ရန် ကင်းမြို့နယ်၊အမှတ်(၅)ရပ်ကွက်ရှိ ဟိုတယ်ကားပါကင်၌ Ecstasy-အက်တက်စီ(ခေါင်းခါဆေး) ဆေး ၄၀၀၀ ပြား၊ Ketamine-ကက်တမင်း(ဂရမ် ၁၇၀)၊ Happy Water(စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်) ၇ ဂရမ်စီပါ အထုပ် ၇၀ နှင့်အတူ ဖမ်းဆီးရမိခဲသည်။

ထို့နောက် ကွင်းဆက်အရ ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ် ၄ ရပ်ကွက်ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည့် ကောင်းစစ်(ခ)ကိုစစ်အား မေ ၂၆ ရက်နံနက် ၇ နာရီတွင် Ketamine-ကက်တမင်း(သုည ဒသမ ၂ ဂရမ်)၊ Ecstasy-အက်တက်စီ (ခေါင်းခါဆေး)ဆေး ၁ ပြား၊ Happy Water(စိတ်ပြောင်းဆေးဝါးများရောစပ်ထားသော အမှုန့်) ၁၅ ဂရမ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ Ecstasy- အက်တက်စီ(ခေါင်းခါဆေး)ဆေး ၄၀၅၁ ပြား၊ Ketamine-ကက်တမင်း(၁၇၃ ဒသမ ၂ ဂရမ်)၊ Happy Water(စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်) ၄၉၇ ဂရမ်တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်မှ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here