ဂျာမဏီတွင် ရထားလမ်းချော်မှုကြောင့် လေးဦးသေ လူသုံးဆယ်ဒဏ်ရာရ

0
144

ဂျာမဏီတွင် ရထားလမ်းချော်မှုကြောင့် လေးဦးသေ လူသုံးဆယ်ဒဏ်ရာရ

ဘာလင်၊ဇွန် ၃

ဇွန်လ ၃ ရက်နေ့က ဂျာမဏီနိုင်ငံတောင်ပိုင်းတွင် ရထားလမ်းချော်ပြီးတိမ်းမှောက်မှုကြောင့် လူလေးဦးသေဆုံးကာ အယောက် ၃၀ ဒဏ်ရာရရှိသွားသည်။

ရဲအရာရှိတစ်ဦး၏စကားအရ အခင်းဖြစ်ချိန်တွင် ရထား​ပေါ်တွင်လူအယောက်ခြောက်ဆယ်ခန့်ပါရှိသည်ဟုသိရသည်။ရဲများနှင့်ရှေ့နေများက ဖြစ်စဉ်ကို စတင်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

သေဆုံးသူများကိုမည်သူမည်ဝါဖြစ်ကြောင်းအတည်မပြုနိုင်သေးပဲ ရထားမောင်းသူလည်း မတော်တဆမှုတွင်ပါဝင်ခြင်းရှိမရှိကိုမူဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထိုရထားပေါ်တွင် ကျောင်းသူ၊ကျောင်းသားအများဆုံးပါရှိကြောင်း ဒေသသတင်းမီဒီယာများမှသိရသည်။ ရထားသည်လမ်းပေါ်မှချော်ထွက်ကာ သစ်ကိုင်းများကြားညပ်နေခဲ့ပြီး လူနာများကိုသယ်ယူနေသည့်ပုံများလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့သည်။

အခင်းဖြစ်ပြီးချိန်တွင် ရထားလမ်းကို လုံးဝပိတ်ချလိုက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။ဇွန်လတစ်ရက်နေ့မှစကာ ဂျာမဏီတွင်ခရီးသွားလုပ်ငန်းပြန်လည်ဖွင့်လှစ်ပြီး ဈေးနှုန်းသက်သာသော ဒေသတွင်းရထားလက်မှတ်များကို ခွင့်ပြုလိုက်ခြင်းကြောင့် စီးနင်းသူခရီးသည်ပိုမိုများပြားလာ​နေရာမှ ယခုလိုအဖြစ်မျိုးကြုံလိုက်ရခြင်းဖြစ် သည်။

Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here