ထားဝယ်မြို့တွင် ခရီးသည်တင်ကားနှင့်ကိုယ် ပိုင်ကား တိုက်မိတိမ်းမှောက်၍ ၂ ဦးဒဏ်ရာရ

0
249

ထားဝယ်မြို့တွင် ခရီးသည်တင်ကားနှင့်ကိုယ် ပိုင်ကား တိုက်မိတိမ်းမှောက်၍ ၂ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ထားဝယ်မြို့၊ဝဲကျွန်းရပ်ကွက်၊မြို့သစ် ၆ လမ်း၊ ၁၃ လမ်းသွယ်တွင် ဇွန် ၃ ရက်မွန်းတည့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဇဗ္ဗူသီရိအ ရေးပေါ်လူနာကူညီသယ်‌ဆောင်ရေးအဖွဲ့-ထား ဝယ် မှသိရသည်။

ယင်းနေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က မြို့သစ် ၆ လမ်း၏ ၁၃ လမ်းသွယ်ထောင့်တွင် ခရီးသည်တင်ကားမှကိုယ်ပိုင်ကားအား တိုက်မိပြီးနောက် ဓာတ်တိုင်အားထပ်မံတိုက်မိ၍ ရပ်တန့်သွားခဲ့ကာ ကိုယ် ပိုင်ကားမှာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“ကားချင်းတိုက်ပြီးတော့ တစ်စီးကမှောက်တယ် တစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မိတာပါ ဒဏ်ရာရတာ ၂ ယောက်ရှိတယ် ကြီးကြီးမားမားထိခိုက်တာမဟုတ်တဲ့အတွက် ဆေးရုံကိုမပို့ခဲ့ရပါဘူး”ဟု ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအသင်း-ထားဝယ် ၏တာဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့ဝင်များ၊ဇမ္ဗူသီရိအ ရေးပေါ်လူနာကူညီသယ်ဆောင်ရေးအသင်း-ထား ဝယ်မှအဖွဲ့ဝင်များနှင့်ရင်ခုန်သံအရေးပေါ်လူမှုကူ ညီရေးအဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ် ငန်းများပြုလုပ်ခဲ့ကြသည်။

“ကား ၂ စီးကိုမီးသတ်က ကရိန်းကားနဲ့ဆွဲခဲ့တယ် အနီးပတ်ဝန်းကျင်ကိုလည်း ရှင်းလင်းပေးခဲ့ပါတယ် လုပ်စရာရှိတာတွေလုပ်ပြီးတော့မှ ကျွန် တော်တို့ပြန်လာခဲ့ပါတယ်”ဟု ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအသင်း-ထားဝယ်၏ တာဝန်ရှိသူကပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here