(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားသမားများအား နိုင်ငံတော်မှ ကျပ်ငွေသိန်းပေါင်း တစ်သောင်းကျော် ဆုချီးမြှင့်

0
183

(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားသမားများအား နိုင်ငံတော်မှ ကျပ်ငွေသိန်းပေါင်း တစ်သောင်းကျော် ဆုချီးမြှင့်


(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် တစ်ဦးချင်းအားကစားသမားများ အသင်းလိုက်အားကစားသမားများ၊ နည်းပြများနှင့်အုပ်ချုပ်ရေးအဖွဲ့တို့ကို နိုင်ငံတော်မှ ကျပ်ငွေသိန်းပေါင်း ၁၃၂၇၀ ကို ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း လူငယ်နှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

အဆိုပါ ဆုများကို ယမန်နေ့ ဇွန် ၃ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌တွေ့ဆုံကာ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ် သိန်း၃၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ပြီး၊ အသင်းလိုက်ပြိုင်ပွဲများတွင်ရွှေတံဆိပ်ရရှိခဲ့သည့်အားကစားသမမားတစ်ဦးလျှင်ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့သည့်အားကစားသမားတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရရှိခဲ့သည့်အားကစားသမားတစ်ဦးလျှင် ငွေကျပ် ၃၅သိန်း ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့်နည်းပြများအား ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြတစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ် သိန်း၃၀ ချီးမြှင့်ခဲ့ပြီး၊ အားကစားသမားများအလိုက် အုပ်ချုပ်မှုအဖွဲ့များကို ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း သိန်း၅၀၊ ကြေးတံဆိပ်ရရှိသည်အုပ်ချုပ်မှု အုပ်ချုပ်မှုအဖွဲ့ကို ငွေကျပ် သိန်း၃၀ ဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၃၂၇၀ကိုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

(၁၃) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်ခဲ့ကြသည့် မြန်မာ့အားကစားသမားအနေဖြင့် ပြီးခဲ့သော မေ ၁၆ ရက်မှစတင်ကာ အသုတ်လိုက် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here