ဗီယက်နမ်တွင် ဖောက်ထွင်းမြင် ခရီးသွားရေငုပ်သင်္ဘောစတင်​မိတ်ဆက်

0
109

ဗီယက်နမ်တွင် ဖောက်ထွင်းမြင် ခရီးသွားရေငုပ်သင်္ဘောစတင်​မိတ်ဆက်

ဗီယက်နမ်နိုင်ငံ၌ရေငုပ်သင်္ဘောခရီးသွားကဏ္ဍတွင် ပထမဆုံး ခရီးသည်များ ပါဝင်သည့် ရေငုပ်သင်္ဘာခရီးစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။

ဖလော်ရီဒါ အခြေစိုက် ဇိမ်ခံ ရေငုပ်သင်္ဘော ကုမ္ပဏီ ထရီတန် ဆပ်မရင်း ကတည်ဆောက်ခဲ့သော ထရီတန် ဒီဗ့်ဗျူး ၂၄ (The Triton DeepView 24) ရေငုပ်သင်္ဘော ကို ဗီယက်နမ်နိုင်ငံ၊ ဟွန်ထရီကျွန်းရှိ Vinpearl complex တွင် ပြီးခဲ့သော ​မေလက စတင်မိတ်ဆက်ခဲ့သည်။

အဆိုပါ သင်္ဘောသည် ရေအနက်မီတာ ၁၀၀ (၃၂၈ပေ) အထိ သွားနိုင်ပြီး လူ ၂၄ဦးအထိ လိုက်ပါစီးနှင်းနိုင်သည်။ လိုက်ပါစီးနှင်းသူများအား မမေ့နိုင်ဖွယ် ရေအောက်အဏ္ဏဝါ အလှကို ကြည့်ရှုနိုင်စေရန် ဖောက်ထွင်းမြင် သင်္ဘောကိုယ်ထည်အား တပ်ဆင်ထားသည်။

ခရီးသည်များသည် သင်္ဘောပျက်များ၊ သန္တာကျောက်တန်းများနှင့် ရေနေသတ္တဝါများအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ အသိပေးမှု မြှင့်တင်ရန် စီစဥ်ထားသော ရေအောက် ပြခန်းကိုလည်း ကြည့်ရှုရမည် ဖြစ်သည်။

၁၅.၄ မီတာ (ပေ ၅၀ခွဲ) ရှည်လျားသော ထရီတန် ဒီဗ့်ဗျူး ၂၄ ရေငုပ်သင်္ဘောသည်လွန်ခဲ့​သော ၂နှစ် ၂၀၂၀ခုနှစ် ဧပြီလတည်းက ဗီယက်နမ်သို့ရောက်ရှိနေသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ယခုကဲ့သို့ ပွဲဦးထွက်နောက်ကျခဲ့ခြင်း ဖြစ်သည််။

ယင်း ရေငုပ်သင်္ဘော၏ လက်မှတ်သည် လူကြီးတစ်ဦးလျှင် ဒေါ်လာ ၆၀ (မြန်မာငွေကျပ် ၁သိန်း၁သောင်းကျပ်) နှင့် ကလေးတစ်ဦးလျှင် ဒေါ်လာ ၄၀ (မြန်မာငွေကျပ် ၇ သောင်း၄ထောင် ကျပ်) ကျသင့်မည်ဖြစ်ပါသည်။

Source: CNN

 


LEAVE A REPLY

Please enter your comment!
Please enter your name here