တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ဇွန် ၁၂ ရက်၌ ထွက်ရှိမည်

0
356

တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ဇွန် ၁၂ ရက်၌ ထွက်ရှိမည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း (၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်)အား ဇွန် ၁၂ ရက်၌ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများထုတ်ပြန်ပေးရာတွင် သက်ဆိုင်ရာကျောင်းအသီးသီး၌ ယခင်နှစ်များနည်းတူ အောင်စာရင်းများကပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အောင်စာရင်းကပ်ပေးမယ် သို့သော်လက်ရှိအခြေအနေအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးအဖွဲ့တွေနဲ့တိုင်ပင်ပြီး အောင်စာရင်းကပ်မယ့်နေမှာ အောင်စာရင်းလာကြည့်မယ့်ကလေးတွေ၊မိဘတွေရဲ့ လုံခြုံရေးကအရေးကြီးတဲ့အတွက် လုံခြုံရေးယူဖို့ကိုကြိုတင်ညှိနှိုင်းထားတယ် ဆရာ၊ဆရာမတွေကိုလည်း သတိရှိဖို့ကြိုပြီးမှာထားတယ်”ဟု ကျောင်းအုပ်ဆရာမတစ်ဦးကပြောသည်။

သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီး၌ အောင် စာရင်းများကပ်ထားပေးမည့်အပြင် ပညာရေးဝန် ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဝက်ဆိုဒ်ဖြစ်သည့် https://www.myanmarexam.org/index.html တွင်လည်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ပြုလုပ်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာနပေါင်း ၁၂၅၈ ခုတွင် ကျောင်းသား၊ကျောင်းသူ ၂၈၁၇၄၁ ဦးရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here