အာရှတလွှား လျှပ်စစ်ကား တကယ်သုံးကြ​တော့မည်လား

0
236

အာရှတလွှား လျှပ်စစ်ကား တကယ်သုံးကြ​တော့မည်လား

ထိုင်း-စင်္ကာပူ-မလေးရှားစင်္ကြံတစ်လျှောက် နယ်စပ်ဖြတ်ကျော်ကွန်ရက်များတွင် လျှပ်စစ်ကားများEV (Electric Vehicle)အတွက် အားသွင်းသည့်ဆိုင်များထားရှိသွား​တော့မည်ဖြစ်သည်။

စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင်လျှပ်စစ်ကားအားသွင်းဆိုင်များဖွင့်ရန် ပြည်တွင်းပြည်ပရှိ စွမ်းအင်ကုမ္ပဏီများက အဆင်သင့်ဖြစ်​နေပြီဟုဆိုသည်။

ကိုဗစ်အလွန် စီးပွားရေးတိုးတက်မှုနောက်တွင် အရှိန်အဟုန်ဖြင့် စျေးကွက်ချဲ့ထွင်ဖို့ကိုလည်း မျှော်လင့်လျက်ရှိကြသည်။

ထိုင်းအစိုးရစွမ်းအင်အဖွဲ့ PTT သည် Foxconn ဟုလည်းလူသိများသော ထိုင်ဝမ်မှ Hon Hai Precision Industry နှင့် ဖက်စပ်၍ ၂၀၂၄ခုနှစ်တွင် နိုင်ငံတွင်း လျှပ်စစ်ကားများကို စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် ကုမ္ပဏီက တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ကမ္ဘောဒီးယားတွင်လည်း လျှပ်စစ်ရည်မှန်းချက်များကို အရှိန်မြှင့်ရန်အတွက်EV အခြေခံအဆောက်အအုံကို တည်ဆောက်လျက်ရှိသည်။

ရည်ရွယ်ချက်မှာ ကားများနှင့် မြို့ပြဘတ်စ်ကားများ၏ ၄၀ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ်များ၏ ၇၀ ရာခိုင်နှုန်းသည် ၂၀၅၀ တွင် လျှပ်စစ်သုံးဖြစ်လာရန် ရည်မှန်းထားသည်။

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်၏ အစွန်းအဖျားတွင် မကြာသေးမီက ဖွင့်လှစ်ထားသော Caltex ဓာတ်ဆီဆိုင်တွင် အဖြူနှင့် အနီရောင် လျှပ်စစ်ကားအား အားသွင်းစက်ပါရှိပြီဖြစ်သည်။

အိန္ဒိယတွင်လျှပ်စစ်ကား EV ထုတ်လုပ်မှုအတွက်ဒေါ်လာ ၆၂၄ သန်း သုံးစွဲရန်တိုယိုတာ မော်တော်၏ အိန္ဒိယလုပ်ငန်းခွဲ Toyota Kirloskar Motor က လုပ်​ဆောင်​နေပြီဖြစ်သည်။

အိန္ဒိယတွင်ထို ကာဗွန် ပ​ပျောက်​ရေး၊​လောင်စာ​လျော့ချ​ရေးရေးလုပ်ဆောင်မှုအတွက် ရူပီး ၄၈ ဘီလီယံ (ဒေါ်လာ ၆၂၃ ဒသမ ၇၂ သန်း) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဂျပန်လက်အောက်ခံကုမ္ပဏီခွဲက မေလ ၇ ရက်တွင် ကြေညာခဲ့သည်။

အိန္ဒိယအစိုးရလည်း လျှပ်စစ်ကားများအသုံးပြုမှုကို ဖြန့်ကျက်လုပ်ဆောင်နေပြီး ထုတ်လုပ်မှုစက်ရုံရှိပြီးဖြစ်သည့် တောင်ပိုင်း Karnataka ပြည်နယ်တွင် EV အစိတ်အပိုင်းများထုတ်လုပ်ရန် အာရုံစိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နှင့် အိန္ဒိယတို့သည် EV
အားသွင်းစံနှုန်းအတွက် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here