အဆိုတော်ရှာကီယာ နှင့် ဘောလုံးသမား ဂျီရဒ်ပီကေးတို့လမ်းခွဲကြပြီ
စပိန်ရဲ့ သူရဲကောင်းဘောလုံးသမားလို့သိကြတဲ့ ဘာစီလိုနား အသင်း ကစားသမား ပီကေး နဲ့ ကမ္ဘာကျော်အဆိုတော် ရှာကီယာ တို့သည် ၁၁ နှစ်ကြာလက်တွဲပြီးနောက် ဇွန်လ ၄ ရက်နေ့တွင် လမ်းခွဲကြောင်း ကြေငြာခဲ့ပါတယ်။
“ကျွန်တော်တို့ လမ်းခွဲကြောင်း အတည်ပြုရတဲ့အတွက် စိတ်မကောင်းပါဘူး၊ကျွန်တော်တို့ရဲ့ ဦးစားပေးကတော့ ကလေးတွေ ကျန်းမာရေး နဲ့ ကျနော်တို့မိသားစုရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကို လေးစားပေးဖို့ပါပဲ။ နားလည်ပေးမှု အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ကြေငြာချက်ထဲမှာပြောထားပါတယ်။
ရှကီယာ ၄၅ နှစ်နှင့် ပီကေး ၃၅နှစ် တို့သည်သူမ၏ “Waka Waka (This Time for Africa)” ဂီတဗီဒီယိုရိုက်ကူးနေစဉ် ၂၀၁၀ တွင်တွေ့ဆုံခဲ့ပြီး ၎င်းတို့၏အချစ်ဇာတ်လမ်းက ၂၀၁၁ ခုနှစ်တွင်လူသိရှင်ကြားဖြစ်လာခဲ့သည်။သူတို့တွင် ၉ နှစ်အရွယ်မီလန်နှင့် ၇နှစ်အရွယ် စာရှာ ဆိုတဲ့သားနှစ်ယောက်မွေးထားပါတယ် ။
Ref: AFP