ချမ်းအေးသာစံမြို့နယ်ရှိ အင်းဝဘဏ်ရှိ လုံခြုံ ရေးအဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ ပေါက်ကွဲမှုမဖြစ်ခဲ့

0
202

ချမ်းအေးသာစံမြို့နယ်ရှိ အင်းဝဘဏ်ရှိ လုံခြုံ ရေးအဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ ပေါက်ကွဲမှုမဖြစ်ခဲ့

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ကဥ္စနမဟီရပ်ကွက်၊ ၇၈ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ အင်းဝဘဏ်အား လုံခြုံရေးတာဝန်ယူထားသည့် လုံခြုံရေးအဖွဲ့ဝင်များကို အမည်မသိအမျိုးသားများက ဇွန် ၄ ရက်ညနေ ၅ နာရီခွဲခန့်က လက်ပစ် ဗုံးဖြင့်ပစ်ပေါက်ခဲ့သည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

အင်းဝဘဏ်အား လုံခြုံရေးတာဝန်ယူထားသည့် လုံခြုံရေးအဖွဲ့ဝင်များကို ၇၈ လမ်းအတိုင်း မြောက်ဘက်မှတောင်ဘက်သို့ အမည်မသိအမျိုး သား ၂ ဦးမှ ဆိုင်ကယ်(အနီရောင်)ဖြင့်မောင်းနှင်ရောက်ရှိလာကာ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

အဆိုပါ လက်ပစ်ဗုံးသည် လုံခြုံရေးအဖွဲ့ဝင်များအနီး၌ရပ်ထားသည့် ကားတစ်စီး၏ နောက်ခန်းအတွင်းထိုင်းခုံပေါ်သို့ကျရောက်ခဲ့ကာ ပေါက်ကွဲမှုမဖြစ်ခဲ့ဘဲ ကားနောက်ဘယ်ဘက်မှန်သာ ကွဲသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ပစ်ဗုံးအား စစ်မြေပြင်အင်ဂျင်နီ ယာတပ်ရင်းမှတပ်ဖွဲ့ဝင်များက ၇၈ လမ်းအားယာယီပိတ်ဆို့ကာ သက်မဲ့ပြုလုပ်၍ဖယ်ရှားရှင်းခဲ့သည်ဟု သိရသည်။

အလားတူ လုံခြုံရေးအဖွဲ့ဝင်များမှလည်း လက် ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သူ အမျိုးသား ၂ ဦးအားဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြု လုပ်ခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here