NDAA မိုင်လားအဖွဲ့အနေဖြင့်နိုင်ငံတော်မှ ခွဲမထွက်ပဲ တို့တာဝန်အရေးသုံးပါးအား စွဲမြဲစွာထိန်းသိမ်းလိုက်နာလျက်ရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးစဉ်ပြောကြား

0
194

NDAA မိုင်လားအဖွဲ့အနေဖြင့်နိုင်ငံတော်မှ ခွဲမထွက်ပဲ တို့တာဝန်အရေးသုံးပါးအား စွဲမြဲစွာထိန်းသိမ်းလိုက်နာလျက်ရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးစဉ်ပြောကြား


နစက ဥက္ကဋ္ဌနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအတွက် ဇွန် ၄ ရက်ကနေပြည်တော်၌တွေ့ဆုံစဥ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)အဖွဲ့ ဒု- ဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ လက်နက်ကိုင်ပဋိပက္ခများအား ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာနိုင်မှသာ ပြည် ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆောင်ရွက်နေချိန်၌ ပညာရေကျန်းမာရေး၊စီးပွားရေးတို့သည် ရပ်တန့်၍ မရဘဲ စဉ်ဆက်မပြတ်တိုးတက်မှုရှိရန် ဆောင်ရွက်နေရမည်ဟု ဆွေးနွေးပြောကြားသည်။

အလားတူ တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များအား တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို လက်ဆင့် ကမ်းနိုင်ရေး ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကာ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရန်၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အားအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့ကိုလည်း ဆွေးနွေးပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ဒု-ဥက္ကဋ္ဌ မှလည်း နစက ဥက္ကဋ္ဌမှသဘောထားကြီးစွာ နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်နိုင်ရန် အမြော်အမြင် ကြီးစွာကမ်းလှမ်းခဲ့မှုအား NDAA(မိုင်းလား)အဖွဲ့မှ ဝမ်းမြောက်ကြိုဆိုသည်ဟုပြောသည်။

ထို့အတူ NDAA(မိုင်းလား)အဖွဲ့အနေဖြင့် နိုင်ငံတော်မှခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲ ရေးကိုစွဲမြဲစွာ ထိန်းသိမ်းလိုက်နာလျက်ရှိကာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အား အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့နှင့် ပတ်သက်၍ သဘောထားအမြင်များ ဒေသခံတိုင်းရင်းသားများ၏ စီးပွားရေး၊ကျန်းမာရေး၊ပညာရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြခဲ့သည်။

ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီးရာပြည့် တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒု-ဥက္ကဋ္ဌဦးစံပေ့နှင့်အတူ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီအထွေထွေအတွင်းရေးမှူးဦးကြည်မြင့်၊ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီအတွင်းရေးမှူး(၂) ဦးအားလူနှင့်ဆက်ဆံရေးနှင့်ဆက်သွယ်ရေးဌာနကြီးမှူးဦးစိုင်းမောက် တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

NDAA(မိုင်းလား)မှဒု-ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်လစားလှယ်အဖွဲ့သည် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

နစက ဥက္ကဌအနေဖြင့် တိုင်းရင်းသားလက်နက် ကိုင်များနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဟု ဧပြီ ၂၂ ရက်က ဖိတ်ခေါ်ခဲ့ပြီးနောက် မေ ၂၀ ရက်မှ ဇွန်လ ၂ ရက်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊မွန်ပြည်သစ်ပါတီ(NMSP)၊ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)တို့နှင့် တွေ့ဆုံဆွေးနွေးထားပြီးဖြစ်ကာ ဇွန် ၄ ရက်တွင်NDAA(မိုင်းလား)ဖြင့် ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here