လာမည့်နွေရာသီအမီလျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့် မီအောင် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ပြော

0
146

လာမည့်နွေရာသီအမီလျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့် မီအောင် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ပြော

 

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ နေ ပြည်တော်၊ဇေယျသီရိမြို့နယ်ရှိ ပေါင်းလောင်းရေ အားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ဇွန် ၄ ရက်က သွားရောက်ကြည့်ရှု့စစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပေးဖို့အတွက် ရေလှောင်တမံအတွင်းကို စီးဝင်လာတဲ့ရေကို စနစ်တကျစီမံပြီး ဓာတ်အားထုတ်လုပ်နိုင်ရပါမယ်”ဟု ပြည် ထောင်စုဝန်ကြီးဦးသောင်းဟန်က ပြောသည်။

ထို့ပြင် ရေဂိတ်တံခါးပါရေပိုလွှဲပြင်ဆင်တည် ဆောက်၍ ဓာတ်အားပေးစက်များအား ကြံ့ခိုင်မှုရှိစေရန် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်သွားရမည်ဖြစ်ကာ ပြည်သူများ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအား ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်သည်ဟု ပြော သည်။

အလားတူ ဓာတ်အားပေးစက်ရုံသန့်ရှင်းသာယာလှပရေးနှင့်လုံခြုံရေးတို့အား အထူးဂရုစိုက်ရမည်ဖြစ်ကာ ဝန်ကြီးဌာနအနေဖြင့်လည်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားလို အပ်ချက်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်ဆောင် ရွက်လျက်ရှိသည်ဟုပြောသည်။

“လျှပ်စစ်ဓာတ်အားကို တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ်ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ဖို့အတွက် ရေအားလျှပ်စစ်စက် ရုံတွေ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံတွေ သ ဘာဝဓာတ်ငွေ့နဲ့အပူစွမ်းအင်သုံးစက်ရုံတွေနဲ့လျှပ် စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကို Generation Mix မှာအရင်းအမြစ်မျိုးစုံပါဝင်ထုတ်လုပ်နိုင်ဖို့ကို ဟန်ချက်ညီညီကြိုးပမ်းဆောင် ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေးစက်များမောင်းနှင်နေမှု၊လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ပေါင်းလောင်းရေလှောင်တမံ၊တမံကြံ့ခိုင်မှု၊ရေလှောင်တမံအတွင်းရေဝင်ရောက်မှု၊ရေသိုလှောင်ထားရှိမှုနှင့် ရေဂိတ်တံခါးပါရေပိုလွှဲပြင်ဆင် တည်ဆောက်မည့်အခြေအနေတို့အား စစ်ဆေးခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here