လှိုင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

0
105

လှိုင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊အမှတ် ၁ ရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုး(ခ)ဖိုးကျော်သည် ဇွန် ၅ ရက်(ယနေ့)နံနက် ၆ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုး(ခ)ဖိုးကျော်အား ၁ ရပ်ကွက်၏ အောင်မေတ္တာ ၅ လမ်း တွင် အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးအောင်ကျော်စိုး(ခ)ဖိုးကျော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသွားခဲ့သည့် ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးအောင်ကျော်စိုး(ခ)ဖိုးကျော်၏ ရုပ်အလောင်းအား နာရေးတင်ကားဖြင့် တင်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများနှင့်ပိတ် ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here